စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်း သတင်းအစီအစဉ်

■ ရွှေတိဂုံစေတီတော်အား ရွှေပြားရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်းကို ငါးနှစ်တစ်ကြိမ်သာ ပူဇော်လေ့ရှိသော်လည်း ယခုတွင်မူ ကြာမှောက်ကြာလှန်များ ပျက်စီးမှု များနေသောကြောင့် တစ်နှစ်စော ကပ်လှူခြင်း ဖြစ်ဟု ဆို

■ အရှေ့တောင်အာရှ ခရီးသွားလမ်းညွန် Travel fish က မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ခရီးသွားလမ်းညွှန် အချက်အလက်ရှာဖွေမှုကို ရပ်ဆိုင်းကြောင်း ကြေညာ

■ နယူးဇီလန်နိုင်ငံတွင် ပြင်းအား ၈.၁ မဂ္ဂနီကျုဒ်ရှိ ဧရာမ ငလျင်ကြီး လှုပ်ခတ်နိုင်ဖွယ်ရှိဟု သုတေသန လေ့လာမှု အသစ်အရ သိရှိရ

■ မလေးရှားနိုင်ငံတွင် အမျိုးသားနှစ်ဦးက ဇီးရှိနေသည့် ကြောင်တစ်ကောင်ကို အ၀တ်အခြောက်ခံစက်ထဲ ထည့်ကာ ရက်ရက်စက်စက် သတ်ပစ်ခဲ့သည့် CCTV မှတ်တမ်း တစ်ခုအပေါ် ရှုတ်ချမှုများ ရှိနေ

အစရှိတဲ့ စိတ်ဝင်စားဖွယ်ရာ ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းများကို တင်ဆက်ထားပါတယ်။

 


နောက်ဆုံးရသတင်းများ

1 2 3 3,730