Exclusive Interview (ရုပ်သံအစီအစဉ်)

“အစိုးရရဲ့ MLM စနစ်အပေါ် ကနဦး ထုတ်ပြန်တဲ့ကြေငြာချက် အပြင် အသေးစိတ်ညွှန်ကြားချက်တွေ ထပ် ထုတ်ပြန်မှသာ နစ်နာမှုတွေ လျှော့ချနိုင်မယ်” Multi Level Marketing ကိုဆန့်ကျင်ရေးလုပ်ဆောင်နေသူ ကိုဇင်ဇေနှင့်တွေ့ဆုံခြင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆင့်ပွားဈေးကွက်ဖြန့်ချိရေး လုပ်ငန်း(Multi Level Marketing)နဲ့ပတ်သက်တဲ့ တားမြစ်ခြင်း အမိန့်ကြေငြာစာစက်တင်ဘာ ၁၈ ရက်နေ့မှာထွက်ရှိခဲ့ပါတယ်။ MLM လုပ်ကိုင်ဆောင်ရွက်ခြင်းကို အမိန့်ကြေငြာစာထွက်ပြီးနောက်ပိုင်း စုံစမ်းတွေ့ရှိရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခံရမယ်လို့ အသိပေးပါရှိပါတယ်။ အဲဒီနောက်မှာ MLM စနစ်နဲ့ လုပ်ငန်းလုပ်ကိုင်နေ တဲ့ကုမ္ပဏီတွေ ရပ်လိုက်ပါက သူတို့ကိုမှီခိုနေတဲ့ members ဝင်တွေ နစ်နာမှုတွေ အများကြီးရှိနိုင် တယ်ဆိုတဲ့ပြောဆိုမှုတွေလည်း အများကြီးထွက်ပေါ်ခဲ့ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး MLM စနစ်နဲ့လုပ်ကိုင်တဲ့ကုမ္ပဏီတွေအပိတ်ခံလိုက်ရတဲ့အတွက် ဘယ်သူတွေ နစ်နာသွားမလဲ၊ နစ်နာမှုတွေရှိခဲ့တဲ့သူတွေအတွက် ဘယ်လို ပြန်လည်လုပ်ဆောင်ဖို့လိုအပ်လဲဆိုတဲ့အချက် တွေကို MLM ကုမ္ပဏီတွေကြောင့် နစ်နာခဲ့သူတွေဘက်ကနေ အသိပညာပေးမှုတွေလုပ်ဆောင်နေတဲ့ ကိုဇင်ဇေ နဲ့ ဒီတစ်ပတ်အတွက် Exclusive Interview မေးမြန်းထားပါတယ်။

 


နောက်ဆုံးရသတင်းများ

1 2 3 3,725