Exclusive Interview (ရုပ်သံအစီအစဉ်)

လက်တစ်ဆုပ်လူတွေရဲ့ လက်ထဲမှာရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ပြင်ပ ဒေါ်လာရောင်းဝယ်ဈေးကွက် ကို တရားဝင် ဈေးကွက်ဖြစ်လာအောင်ပြုလုပ် ပေးဖို့ လိုအပ်တယ်” မြန်မာ့ရွှေအများပိုင် ကုမ္ပဏီရဲ့ မန်းနေးဂျင်းဒါရိုက်တာ ဦးရဲသူအောင်နှင့်တွေ့ဆုံခြင်း – ရွှေဘုံသာ လမ်းမှာ ဒေါ်လာအရောင်းအဝယ်လုပ်နေတဲ့သူတွေထဲက အချို့ကို စက်တင်ဘာ ၂၆ ရက်နေ့ မှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) က ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလို ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဒေါ်လာဈေး တစ်ဒေါ်လာ ကျပ် ၁၆၀၀ အောက်ပြန်လည် ရောက်ရှိလာသလို ပြင်ပဒေါ်လာဈေးကွက်အတွင်းမှာ ဈေးကွက်ပြတ်ကာ ကြိုက်ရောင်း ကြိုက်ဝယ် သဘောမျိုးလက်ရှိမှာပြုလုပ်နေတာပဲဖြစ်ပါတယ်။ ဒေါ်လာဈေးမြင့်တက်ခဲ့မှုကြောင့် မြန်မာ့ကျပ်ငွေတန်ဖိုးကျဆင်းနေမှုက ၂၀ ရာခိုင်နှုန်းမှာရှိပြီး အိမ်နီးချင်း နိုင်ငံတွေ ၊ အာဆီယံနိုင်ငံတွေရဲ့ အခြေအနေနဲ့ကြည့်ရင် အမြင့်ဆုံးမှာရှိနေတာလည်းဖြစ်ပါတယ်။ ဒီအခြေအနေကို ကောင်းမွန်တဲ့အခြေအနေတစ်ခုပြန်ရောက်ဖို့ ၊ နိုင်ငံခြားငွေလဲနှုန်းအပေါ် အစိုးရက ရေတိုရေရှည် ချမှတ်ဆောင်ရွက်ရမယ့်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့ရွှေအများပိုင် ကုမ္ပဏီရဲ့ မန်းနေးဂျင်း ဒါရိုက်တာ ဦးရဲသူအောင်နဲ့ မေးမြန်းထားမှုကို အခုတစ်ပတ်ရဲ့ Exclusive Interview အစီအစဉ်မှာ တင်ဆက် ပေးထားပါတယ်။

 


နောက်ဆုံးရသတင်းများ

1 2 3 3,725