အောက်တိုဘာ ၇ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ နေ့စဉ်သုံးစွဲနေသော ကုန်စည်များတွင် မြန်မာဘာသာအညွှန်းဖြင့် ထည့်သွင်းဖော်ပြရမည့် အမိန့် ကြော်ငြာစာကို မကြာခင် ထုတ်ပြန်သွားမည်

■ ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၁၆ လုံး ထပ်မံ ရွှေ့ပြောင်းထားရပြီး ရွှေ့ပြောင်းရသည့် အိမ်ခြေ ၁၀၆ လုံးထိ ရှိလာကြောင်း သိရ

■ အီလက်ထရောနစ် စနစ်ဖြင့် အွန်လိုင်းပေါ်မှ ကုမ္ပဏီမှတ်ပုံတင်မှု ၂ လတာ ကလာအတွင်း ကုမ္ပဏီဟောင်းများ ပြန်လည်မှတ်ပုံတင်မှု ၁၄၇၀၀ ခန့်ရှိလာပြီး ကုမ္ပဏီအသစ်မှတ်ပုံတင်မှု ၄၀၀၀ ကျော်ထိရှိလာ

■ အော်စကာဆုရှင် သရုပ်ဆောင် ဘင်အက်ဖလက်နှင့် သရုပ်ဆောင် ဂျနီဖာဂါနာတို့ တရားဝင်ကွာရှင်း

■ အမေရိကန်ရက်ပ်အဆိုတော် Chance the Rapper က ချီကာဂိုရှိ စိတ်ကျန်းမာရေး စင်တာများအတွက် အမေရိကန်ဒေါ်လာ တစ်သန်း လှူဒါန်း စတဲ့ နောက်ဆုံးရ ပြည်တွင်းပြည်ပ သတင်းများ ပါဝင်မှာ ဖြစ်ပါတယ်။

 


နောက်ဆုံးရသတင်းများ

1 2 3 3,725