နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ မဲခေါင်ဒေသ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် ကစားသမားများအား တွေ့ဆုံ

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ Mekong -Japan Summit Ceremony အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ မဲခေါင်ဒေသ အာဆီယံဝန်ကြီးတွေဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ Akasaka Palace ဟိုတယ်မှာ မဲခေါင်ဒေသတွင်းနိုင်ငံ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့က ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများနဲ့ ယူ၁၇ အသင်း ခေါင်းဆောင်တွေကို ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။
 


နောက်ဆုံးရသတင်းများ

1 2 3 3,723