ပုသိမ်မြို့ရှိ ဆိုင်တစ်ဆိုင်တွင် တရားမဝင်သိုလှောင်ရောင်းချနေသော ဗျောက်အိုးနှင့် မီးရှူးမီးပန်း ကျပ်၂၈ သိန်းကျော် ဖိုး ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် မင်းကြီးလမ်းရှိ နေပြည်တော်မှန်ဆိုင်ကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၀ ရက်ညပိုင်းက ၀င်ရောက်ရှာဖွေရာ ကာလတန်ဖိုး ကျပ် ၂၈ သိန်းကျော်တန်ဖိုးရှိ တရားမဝင် သိုလှောင်ရောင်းချနေတဲ့ ဗျောက်အိုးနဲ့မီးရှူးမီးပန်းများကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 


နောက်ဆုံးရသတင်းများ

1 2 3 3,724