၂၀၁၆ ခုနှစ် အနုပညာကဏ္ဍတွင် ထင်ရှားသော ဖြစ်ရပ်များ (ရုပ်သံ အစီအစဉ်)

၂၀၁၆ တစ်နှစ်တာ ကာလ အတွင်း အနုပညာလောကထဲမှာ ကောင်းသတင်း ကျော်ကြားခဲ့သူတွေ၊ အောင်မြင်ထင်ရှားခဲ့သူတွေ၊ လူမှုရေးပြသနာ ရှုပ်ထွေးခဲ့ကြသူတွေနဲ့ ရာဇ၀တ်အရှုပ်အရှင်း မကင်းခဲ့ကြသူတွေအပြင် ချီးကျူးစရာ၊ ဝေဖန်စရာ၊ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒီကိစ္စတွေထဲက လူပြောအများဆုံး အကြောင်းအရာတွေ ဖြစ်ခဲ့တဲ့ –

– မြန်မာပေါကားများရပ် လှုပ်ရှားမှု

– အဓိပတိဖွား တေးအယ်လ်ဘမ်နဲ့ အဆိုတော်ဝေလ

– မနောရဲ့ ဗိုလ်အောင်ဒင်

– ပုရိသအပေါင်းကို ရင်ဖိုစေခဲ့တဲ့ လုလုအောင်

– ပျောက်ဆုံးနေတဲ့ တေးသံရှင် ကဗျာဘွဲ့မှူးနဲ့ သိန်းပေါင်းတစ်သောင်း

– မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံလိုက်ရတဲ့ မိုးအောင်ရင်

– နီနီခင်ဇော်၊ စိုးသူ၊ စိုးမြတ်နန္ဒာ၊ ၀ိုင်းစုခိုင်သိန်း နဲ့ အောင်လတို့ရဲ့ လူမှုရေး ဂယက်တွေ

– အငြင်းပွါးဖွယ်အပြည့်နဲ့ ပြီးဆုံးသွားတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

– ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေ စာတမ်းဖတ်ပွဲနဲ့ အပယ်ခံစာတမ်းများ

– သိန်းနှစ်ထောင်ကျော်ရရှိပြီး ၀င်ငွေစံချိန်တင်ခဲ့တဲ့ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကား

အစရှိတဲ့ အကြောင်းအရာတွေကို ထင်ရှားကျော်ကြား ၂၀၁၆ ရဲ့ အနုပညာကဏ္ဍကနေ ထုတ်နုတ်တင်ပြလိုက်ရပါတယ်။

 


နောက်ဆုံးရသတင်းများ

1 2 3 1,203