Exclusive Interview (ရုပ်သံအစီအစဉ်)

မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်းဖွင့်လှစ်ခဲ့တာ တနှစ်ပြည့်မြောက်သွားပြီဖြစ်ပြီး စတော့အိတ်ချိန်းရဲ့ လက်ရှိအခြေအနေ၊ ဈေးကွက် မတည်ငြိမ် ဖြစ်ရတဲ့အကြောင်းအရင်းတွေကို ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ဒုတိယညွန်ကြားရေမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို စတော့အိတ်ချိန်းတည်ထောင်ရာမှာ ပါဝင်ကူညီခဲ့သူတစ်ဦးဖြစ်တဲ့ ဦးစိုးသိန်း နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

စတော့အိတ်ချိန်းကို သတ်မှတ်ထားတဲ့ရက်မှာ ဖွင့်နိုင်အောင် တိုက်ရိုက်ဆောင်ရွက်ခဲ့ရတဲ့ လုပ်ငန်းစဉ် တွေထဲက တချို့ လုပ်ငန်းစဉ်တွေကြောင့် ဈေးကွက်မတည်ငြိမ်မှုတွေ ပိုမိုကြီးမားစေခဲ့ပါတယ် ။ ဥပမာအားဖြင့် စတော့အိတ်ချိန်းရဲ့ စာရင်းဝင် ကုမ္ပဏီ (၆)ခုကို ကြေငြာခဲ့ခြင်းမျိုးပါ။ ဒါတွေက လုပ်ရိုးလုပ်စဉ် လုပ်ငန်းမဟုတ်ပါဘူး ။

ဈေးကွက်မတည်ငြိမ်ဖြစ်မှုအပေါ် အကျိုးအမြတ်ရရှိသွားသူအချို့ရှိခဲ့ပေမယ့် နဖူးတွေ့ ၊ ဒူးတွေ့ ဆုံရှူံးခဲ့ကြရသူတွေက အများဆုံးဖြစ်ပြီး ဈေးကွက်အပေါ် စိတ်ပျက်သွားကြတယ် ။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ ဈေးကွက်က တဖြည်းဖြည်းအေးစက်သွားခဲ့တယ်။

ဈေးကွက်ကအချိန်အတော်ကြာကြာအေးစက်နေဦးမှာဖြစ်ပါတယ်။ စနစ်တကျနဲ့အားစိုက်ပြီး အချိန်ယူပြီး ပြန်လည်လုပ်ဆောင်မှသာ ဈေးကွက်ကပြန်သက်ဝင် လှုပ်ရှားလာမှာဖြစ်ပါတယ်။

 


နောက်ဆုံးရသတင်းများ

1 2 3 1,682