News Feature (ရုပ်သံအစီအစဉ်)

ဒီဇင်ဘာလ ၁၅ ရက်နေ့ က မြန်မာ့ငွေကြေးဈေးကွက်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၄၀၀ ကျပ်ထိ မြင့်တက်လာခဲ့သည်။ ထို့နောက် ၄ရက်ဆက်တိုက် ၁၄၀၀အထက်တွင် ရှိနေခဲ့သည့် ဒေါ်လာငွေလဲလှယ်မှုနှုန်းထားသည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ၁၃၈၃ ကျပ်အထိပြန်လည်ကျဆင်းသွားခဲ့ပြီး ဒီဇင်ဘာလ၂၀ ရက်နေ့တွင် ၁၄၀၅ ကျပ်နဲ့ အရောင်းအ၀ယ်ပြန်ဖြစ်ခဲ့သည်။

ရင်းနှီးမြုပ်နှံမှုကုန်စည်ကအစ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းအထိ နိုင်ငံခြားက တင်သွင်းနေရသည့် တိုင်းပြည်၏ ကုန်သွယ်မှုကဏ္ဍတွင် ဒေါ်လာဈေးအတက်အကျကြမ်းတာကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းမတည်မငြိမ်ဖြစ်မှုအပါအ၀င် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍကို အဟန့်အတားဖြစ်စေမှာပါ။

ဒေါ်လာဈေးအတက်အကျဖြစ်တိုင်း မြန်မာ့စီးပွားရေးကဏ္ဍ ကမောက်ကမ မဖြစ်ရအောင် ပြင်ဆင်သင့်တာ၊ ဆောင်ရွက်ဖို့လိုအပ်တာများကို စီးပွားရေးပညာရှင်နှင့်လုပ်ငန်းရှင်များ၏ သဘောထားမှတ်ချက်များဖြင့် တင်ပြထားပါသည်။

 


နောက်ဆုံးရသတင်းများ

1 2 3 929