ဇန်န၀ါရီလ ၃ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်

■ ကြားဖြတ်ရွေးကောက်ပွဲ၌ အမည်နှင့် ပါတီလိုဂိုများတွင် တံဆပ်တုံးထုမိသည့်မဲများ၊ တစ်ခါထက်ပိုပြီး တံဆိပ်တုံးထုမိသည့် မဲများကိုလည်း ခိုင်လုံမဲအဖြစ် သတ်မှတ်မည်

■ မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီအမျိုးသားများ အသတ်ခံရမှုနှင့် ပျောက်ဆုံးမှုများ ဆက်တိုက် ဖြစ်ပေါ်နေ

■ စစ်ကိုင်းအလုပ်သမားသပိတ်ခေါင်းဆောင် ကိုခိုင်မင်းပါ သုံးဦးအား ပုဒ်မ (၁၈) ဖြင့် စစ်ကိုင်းမြို့နယ် တရားသူကြီးက စွဲချက်တင် အမိန့်ချ

■ အလုပ်ရှင်နှင့် အပြီးသတ် ညှိနှိုင်းပေးရန် ပန်ဒါချည်မျှင်စက်ရုံ ဆန္ဒပြအလုပ်သမားများ မန္တလေးတိုင်း အစိုးရကို ဒုတိယအကြိမ် စာပို့တောင်းဆို

■ မိတ္တီလာမြို့ ရှောင်လမ်းမိုင်တိုင် ၉ အနီးတွင် ဆန်အိတ် (၆၀၀) ကျော် တင်လာသော တွဲကားတစ်စီး ပက်လက်လန် တိမ်းမှောက်

■ ပြည်တွင်းဒေါ်လာလဲနှုန်း တစ်ဒေါ်လာ ၁၃၄၆ ကျပ်ဈေးရှိပြီး နှစ်ပတ်ကျော်အတွင်း တစ်ဒေါ်လာ ကျပ် ၉၀ ကျော် ကျဆင်း

■ မြောက်ကိုရီးယား အနေဖြင့် အမေရိကန်အထိ ရောက်အောင် ပစ်ခတ်နိုင်သည့် ဒုံးကျည်အား တီထွင်နိုင်စွမ်းရှိမည် မဟုတ်ဟု ဒေါ်နယ်ထရမ့် ပြောကြား

■ ကျူးဘားတော်လှန်ရေးနေ့ အခမ်းအနားတွင် ကွယ်လွန်သွားပြီဖြစ်တဲ့ တော်လှန်ရေးခေါင်းဆောင် ဖီဒယ်လ်ကတ်စထရိုကို ကျူးဘားတပ်မတော်က ချီတက်ဂုဏ်ပြု

■ မက်ဒရစ်မြို့ဝန်းကျင်မှာ သောင်းကျန်းနေသည့် တောဝက်များကို လေးသမားများ၏ အကူအညီဖြင့် ရှင်းလင်း

 


နောက်ဆုံးရသတင်းများ

1 2 3 1,682