မြန်မာ့လွတ်လပ်ရေးခရီး

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ အချုပ်အခြာအာဏာပိုင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုပြီး ကမ္ဘာ့မြေပုံရဲ့ တစ်နေရာမှာ လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဗည်းတင်နိုင်ခဲ့ပါတယ်။ ဘကြီးတော်မင်း လက်ထက် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲကစလို့ ပုဂံမင်းလက်ထက် အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲနဲ့ သီပေါမင်း လက်ထက် အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲဆိုပြီး ကုန်ဘောင်မင်းဆက် ဘုရင်သုံးပါးကို စစ်ပွဲသုံးကြိမ် ဆင်နွဲပြီး မြန်မာပြည်ကို တစတစ သိမ်းပိုက်ခဲ့တဲ့ အင်္ဂလိပ်နယ်ချဲ့တို့ရဲ့ ကိုလိုနီ ကျွန်သဘောက်ဘ၀ကနေ လွတ်မြောက်လာတဲ့ မြန်မာတစ်မျိုးသားလုံးရဲ့ အောာင်ပွဲကြီးပါပဲ။

၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက် တနင်္လာနေ့မှာ ချုပ်ဆိုခဲ့တဲ့ အောင်ဆန်း အက်တလီစာချုပ်အရ ပေါ်ထွက်လာတဲ့၊ အောင်ဆန်း အက်တလီစာချူပ်ရဲ့ ကတိက၀တ်ကို အကောင်အထည်ဖော်တဲ့ အခမ်းအနားတစ်ခုလည်း ဖြစ်ပါတယ်။ ဒါဟာဆိုရင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုရဲ့ နောက်ဆုံးကဏ္ဍ သမိုင်းမှတ်တိုင်တစ်ခုလို့ ဆိုရမှာပါ။

 


နောက်ဆုံးရသတင်းများ

1 2 3 2,122