ဇန်န၀ါရီလ ၇ ရက် နံနက်ပိုင်း သတင်းအစီအစဉ်

■ ယခင်အစိုးရလက်ထက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတွင် ဘဏ္ဍာငွေ ကျပ်သန်းပေါင်းများစွာ ဆုံးရှုံးနစ်နာမှုကို စိစစ်တွေ့ရှိခဲ့ကြောင်း ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးအစီရင်ခံစာတွင် ဖော်ပြ

■ ယာဉ်မတော်တဆဖြစ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီ ရန်ကုန်ဆေးရုံကြီးတွင် တစ်ပတ်ကြာ ဆေးကုသမှု ခံယူရမည်

■ လောက်ကိုင်မြို့တွင် မော်တော်ယာဉ်တစ်စီး ပေါက်ကွဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား

■ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ခရီးသည်တင် မော်တော်ယာဉ်အားလုံးနှင့် မထသအဖွဲ့ကို ဖျက်သိမ်းပြီး Yangon Bus Service ယာဉ်လိုင်းများဖြင့် စတင်ပြေးဆွဲမည်

■ လက်နက်ကိုင်သင်တန်း တက်ရောက်ပြီးသူ ၅ ဦးအား မောင်တောမြို့နယ်အတွင်း ထပ်မံဖမ်းဆီးရမိ

■ ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ညီအစ်ကိုသုံးဦးမှ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွား

■ ပျောက်ဆုံး မလေးရှားလေယာဉ် MH370 အား ရှာဖွေနေမှုများကို နှစ်ပတ်အတွင်း ရပ်ဆိုင်းရန်ရှိကြောင်း မလေးရှားပို့ဆောင်ရေးဝန်ကြီး ပြောကြား

■ ပြီးခဲ့သည့်နှစ်က ဘင်္ဂလားဒေ့ရှ်ကော်ဖီဆိုင်ကို စီးနင်းခဲ့မှုတွင် နောက်ကွယ်က ညွှန်ကြားခဲ့သူတစ်ဦးကို အသေဖမ်းမိ

 

နောက်ဆုံးရသတင်းများ