Selfie ကင်မရာ နှစ်ခုပါဝင်တဲ့ OPPO F3 ဖုန်း စတင်ရောင်းချပွဲ (ရုပ်သံ အစီအစဉ်)

OPPO F3 မှာ ပုံမှန် Selfie များအတွက် အရည်အသွေးမြင့် 16MP ကင်မရာနှင့် Group Selfie များအတွက် သာမန် Selfie ကင်မရာထက် မြင်ကွင်း ၂ ဆ ပိုကျယ်တဲ့အရှေ့ Selfie ကင်မရာ နှစ်ခု ပါဝင်ပါတယ်။

ပါးလွှာချောမွေ့စွာ ထုတ်လုပ်ထားတဲ့ သတ္တုကိုယ်ထည် ဒီဇိုင်းနှင့် 5.5 လက်မရှိတဲ့ FHD In Cell ဖန်သားပြင်တို့ ပါဝင်ပြီး အရောင်အသွေး စုံလင်ဆုံးနှင့် အပြတ်သားဆုံး ရုပ်ထွက်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

OPPO F3 ဖုန်း စတင်ရောင်းချပွဲကို ရန်ကုန်မြို့ Junction Square မှာ ကျင်းပခဲ့ပြီး ရွှေထူး၊ အိမ့်ချစ်၊ Myanmar Idol Season 1 မှ တေးသံရှင် M Zaw Rain နဲ့ Project K အကအဖွဲ့တို့က ပရိတ်သတ်တွေကို ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။

 


နောက်ဆုံးရသတင်းများ

1 2 3 2,991