သြဂုတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ e Mandalay Web Portal အကြိမ်များစွာ တိုက်ခိုက်ခံရဟု အစိုးရအဖွဲ့ တာဝန်ရှိသူပြော

■ တစ်ရက်လုပ်ခလစာ ကျပ် ၅၆၀၀ သတ်မှတ်ပေးရေး အပါအဝင် အခြား အလုပ်သမားအခွင့်အရေးများ ရရှိရန် စက်ရုံအလုပ်သမားထောင်ချီ ဆန္ဒထုတ်ဖော်

■ ခန္တီးမြို့နယ်တွင် နေရာကွက်၍ မိုးကြီးခဲ့မှုကြောင့် နန်စီဘွန်ကျေးရွာရှိ သစ်သားတံတား တစ်စင်းနှင့် နေအိမ် ငါးလုံး မျောပါခဲ့

■ ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်း ပညာရေးကို ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒလ အပါအ၀င် မြို့နယ် ၁၂ မြို့နယ်တွင် သင်ကြားမည်

■ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများကြောင့် အောင်လံမြို့တွင် ကြက်သား၊ ကြက်ဥ စားသုံးမှုလျော့ကျ၍ ကြက်သားဈေး ထက်ဝက်ကျဆင်း

■ မန္တလေးတိုင်းဒေသကြီးအတွင်း အရေးပေါ်အခြေအနေများတွင် ဆက်သွယ်အသုံးပြုနိုင်မည့် ဖုန်းနံပါတ်၊ တည်နေရာမြေပုံများ ပါဝင်သော i rout Mobile Application ကို အခမဲ့ပေးမည်

■ နာမည်ကျော် ဒီဇိုင်နာ ငါးဦး ပါဝင်သည့် Wedding Fair ရှိုးပွဲနှင့် ဈေးရောင်းပွဲတော် ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပပြုလုပ်

■ ဘိုလီးဗီးယားတောင်ပိုင်းတွင် တောမီး လောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ(၂)ဦး သေဆုံး

■ အပူလှိုင်း ကျရောက်နေသော ပိုလန်နိုင်ငံတွင် ထူးထူးဆန်းဆန်း လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သဖြင့် ၅ ဦး သေဆုံး

 


နောက်ဆုံးရသတင်းများ

1 2 3 1,818