အောက်တိုဘာလ (၂၁) ရက် နံနက်ပိုင်း သတင်းအစီအစဉ်

■ ပြည်သူ၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ ညီညွတ်မှု ရှိစေလိုကြောင်းနှင့် ရခိုင်ပြည်နယ်တွင် ဒေသခွဲဝေကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် စီးပွားရေးလုပ်ငန်းရှင်များအား ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

■ ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည့် ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားသော ဘင်္ဂါလီလူဦးရေစာရင်းမှာ အငြင်းပွားဖွယ် ဖြစ်နေကြောင်း ဦးဇော်ဌေးပြောကြား

■ အထောက်အထားမှန်ကန်စွာ ပြနိုင်လျှင် မြန်မာနိုင်ငံပြင်ပ၌ မွေးဖွားခဲ့သည့် ကလေးများကို မွေးမှတ်ပုံတင်ခွင့်ပြုမည်

■ မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒသစ် ချမှတ်ပြီးနောက် ဈေးကွက်အတွင်း ကားစလစ်တစ်စောင်ကို ကျပ်သိန်း ၂၀ မှ ၃၀ ကြား မြင့်တက်

■ မဟာမြတ်မုနိဘုရားကြီး နောက်ကျောတော်မှ ရွှေခွာခိုးယူသူမှာ သုံးကြိမ်မြောက် ကျူးလွန်ခြင်းဖြစ်ကာ လုံခြုံရေးကို တင်းကြပ်သွားမည်ဟုဆို

■ ကိုရီးယားကျွန်းဆွယ်တွင်းသို့ အမေရိကန်တို့၏ လေယာဉ်တင်သင်္ဘော USS Ronald Reagan နှင့် စစ်ရေးအင်အားစုများ ၀င်ရောက်လှည့်လည် စစ်ရေးပြ

■ ရာကာမြို့ ကို IS တို့ထံမှ သိမ်းယူနိုင်ခဲ့ခြင်းမှာ သမိုင်းဝင်အောင်ပွဲဟု အမေရိကန် ကျောထောက်နောက်ခံပြုထားသော ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့က ထုတ်ဖော်ပြောကြား

■ ဘင်္ဂလားဒေ့ရှ်နို်င်ငံရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ကလေးငယ် သုံးသိန်းလေးသောင်းခန့် ချို့တဲ့သည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း ယူနီဆက်ပြောကြား

■ ဘောလုံးလောကမှာ ခြောက်နှစ်ပိတ်ပင်ခံထားရသော ဖီဖာဥက္ကဌဟောင်း ဆပ်ဘလတ္တာကို ၂၀၁၈ ကမ္ဘာ့လားပြိုင်ပွဲသို့ ရုရှားသမ္မတ ပူတင် ဖိတ်ကြား

 


နောက်ဆုံးရသတင်းများ

1 2 3 1,976