အောက်တိုဘာလ (၂၃) ရက်နေ့ ညပိုင်း သတင်းအစီအစဉ်

■ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကာတာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

■ UNFC အဆိုပြုအချက်များထဲမှ ကျန်ရှိ အချက်များကို အပြီးသတ် ညှိနှိုင်းနိုင်ရန် ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN အဖွဲ့ တရားဝင် တွေ့ဆုံဆွေးနွေး

■ ကျပ်သိန်း ၁၆၀ဝ၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူ၊ ဘိန်းဆီခဲများအား ဖားကန့် မြို့အဝင်တွင် ဖမ်းဆီးရမိ

■ တပ်မတော်လေမှ G-4 ဂျက်လေယာဉ်ပျက်ကျမှုတွင် ကျဆုံးခဲ့သော လေယာဉ်မှူးနှစ်ဦး၏ နာရေးအား ပုသိမ်မြို့ သရောင်းချောင်း သုသာန်တွင် ပို့ဆောင်သင်္ဂြိုဟ်ခဲ့

■ အရက် အတူသောက်ရင်း အချင်းများကာ ဓားဖြင့် ခုတ်သတ်သည်ဟု သံသယရှိသူကို ဖမ်းဆီးရမိ

■ ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီဒုက္ခသည်များအတွက် မလေးရှားနိုင်ငံမှ ထောက်ပံ့ရေး ပစ္စည်းများ တတိယအကြိမ် ပေးပို့

■ IS သစ္စာခံ စစ်သွေးကြွများနှင့် ငါးလကြာ ဖြစ်ပွားခဲ့သည့် မာရာဝီမြို့တိုက်ပွဲ ပြီးဆုံးကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ကြေညာ

■ ဗြိတိန်ရှိ ဘိုးလင်းရုံ တစ်ခုတွင် ဓားစာခံနှစ်ဦးကို ဖမ်းခေါ်ခဲ့သည့် သေနတ်သမားအား ရဲတပ်ဖွဲ့ဖမ်းဆီး နိုင်ခဲ့

■ အာဆီယံကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိ

■ ဂျပန်နိုင်ငံတွင် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ၀င်ရောက်မှုကြောင့် လူငါးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ

■ PSG အသင်း၏ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေ Golden Boy ဆု ဆွတ်ခူးရရှိ

 


နောက်ဆုံးရသတင်းများ

1 2 3 1,976