အမျိုးသားလုံခြုံရေးအခန်းကဏ္ဍ ဘယ်လောက်ထိအရေးပါလာပြီလဲ (Feature Interview- ရုပ်သံအစီအစဉ်)

ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဘင်္ဂါလီအစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ အမျိုးသားလုံခြုံရေးအခန်းကဏ္ဍဟာ ပိုမိုပြီးရှေ့တန်းရောက်လာခဲ့တယ်လို့ ဆိုရပါမယ်။ ဘင်္ဂါလီအစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုပြဿနာအပြင် နိုင်ငံတကာရဲ့ ခေါင်းစဉ်တပ်ဖိအားပေးမှုတွေနဲ့ ဘင်္ဂါလီတွေပြန်လည်လက်ခံရေး၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေးကိစ္စတွေကို လုံးပမ်းနေရတဲ့အပြင် နိုင်ငံရေးအရထိုးနှက်ချက်တွေ စီးပွားရေးကျဆင်းမှုတွေနဲ့ တိုင်းပြည်ရဲ့ မျက်မှောက်အခြေအနေကတော့ အားရစရာကောင်းလှတယ်လို့ မဆိုနိုင်ပါဘူး။

ဒါ့ကြောင့် မျက်မှောက်ကာလမှာ အမျိုးသားလုံခြုံရေးအခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါနေလဲ၊ R2P (RESPONSIBILITY TO PROTECT) တာဝန်အရ ကာကွယ်ပေးခြင်းဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တကယ်ပဲဝင်ရောက်စွက်ဖက်လို့ ရနိုင်လား။ ဘယ်လောက်အတိုင်းအတာထိ စိုးရိမ်ရလဲ။ ပြည်ထောင်စုကြီးရဲ့ အနာဂတ်အရေးကကောစိုးရိမ်ဖွယ်ရာ အခြေအနေမှာရှိနေပြီလားဆိုတာကို သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့  ဒေါက်တာနိုင်ဆွေဦးနဲ့ တွေ့ဆုံမေးမြန်းပြီး တင်ဆက်ပေးသွားပါမယ်။

 


နောက်ဆုံးရသတင်းများ

1 2 3 2,127