ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လယ်ခင်း သတင်းအစီအစဉ်

■ မောင်တောဒေသရှိ မီးလောင်ပြင်များကို ပြည်နယ်အစိုးရက ဥပဒေအရရှင်းလင်းဆောင်ရွက်နေပြီး ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းကာဆက်လက်ဆောင်ရွက်သွားမည်ဟု ရခိုင်ဝန်ကြီးချုပ် ပြောကြား

■ ကျပ် ၅၀၀ ထီပင်ရင်းဈေးမြင့်မားမှုကြောင့် တစ်စောင်ကို ကျပ်၅၀၀ ဖြင့် ပြန်လည်ရောင်းချရန် အခက်အခဲရှိနေဟု ထီကိုယ်စားလှယ်များ ပြောကြား

■ NCA စာချုပ်တွင် မွန်ပြည်သစ်ပါတီ လက်မှတ်ရေးထိုးရန်နီးစပ်လာပြီဟု JMC-S (မွန်) အဖွဲ့ဝင် ဗိုလ်မှူးကြီး ၀င်းနိုင်ဦး ပြောကြား

■ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်နှင့် ဇလုံတောင်တို့၌ ကေဘယ်ကားတပ်ဆင်ရန် ကုမ္ပဏီနှင့် တွေ့ဆုံညှိနိုင်းဆဲဟု စစ်ကိုင်းတိုင်းစီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား

■ စစ်တွေဆိပ်ကမ်းအနီး ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြုပ်ခဲ့သော သင်္ဘောနှစ်စီးအား အိန္ဒိယနိုင်ငံမှ ကူညီတူးဖော်ပေးသွားမည်ဟု သိရ

■ ၀ီကီလိခ် တည်ထောင်သူ ဂျူလီယန် အဆန်ဂ်ကိုအီကွေဒေါနိုင်ငံက နိုင်ငံသားဖြစ်ခွင့်ပြုခဲ့

■ ချက်သမ္မတနိုင်ငံတွင် ဘတ်စ်ကားတစ်စီးနှင့် ကားတစ်စီးတို့ တိုက်မိခဲ့သဖြင့် ၃ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရ

■ ဆော်ဒီအာရေးဘီးယားနိုင်ငံတွင် အမျိုးသမီးများအား ပထမဆုံးအကြိမ် ဘောလုံးပွဲတက်ရောက်ကြည့်ရှုခွင့်ပြု

■ ဒီဇင်ဘာပရီးမီးယားလိဂ် အကောင်းဆုံးဆု ဂွါဒီယိုလာ၊ ဟာရီကိန်းနှင့် ဒီဖိုးဆွတ်ခူး

 


နောက်ဆုံးရသတင်းများ

1 2 3 2,353