သေဘာၤအင္ဂ်င္နီယာတစ္ဦး ဘ၀ကေန ကမ္မဌာန်းနည်းပြ ဖြစ်လာသူ ဦးမြင့်အောင်နဲ့ တွေ့ဆုံ မေးမြန်းခြင်း

အချိန်မပေးနိုင်၊ အလျင်လိုနေတဲ့ ယနေ့ခေတ်မှာ လောကီရေးနဲ့ အချိန်ကုန်သွားချိန်မှာပဲ ကိုယ်မေ့နေခဲ့တဲ့ သေခြင်းတရား ရောက်ရှိလာပါတယ်။ အချိန်မတန်သေးလို့ဆိုပြီး မကျင့်ကြံခဲ့ပေမယ့် ကံကုန်၊ သက်တမ်းကုန်ချိန်မှာတော့ ငြင်းပယ် မရတာကြောင့် တကယ်လို့များ သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုစိတ်ထားရမလဲ၊ ခန္ဓာကိုယ်ရဲ့ စစ်မှန်တဲ့ငြိမ်းချမ်းမှုကို ရှာလိုသူတွေအတွက် တစ်ရက်တာ အချိန်ပေးရုံနဲ့ ရိုးရှင်းစွာဟောပြောပြီး ဗုဒ္ဓအလိုကျ တရားအားထုတ်နိုင်မယ့် တစ်ရက် တရားစခန်းအကြောင်းနဲ့ ပတ်သက်ပြီး တစ်ရက်တရားစခန်းမှာ ဟောပြောပို့ချနေတဲ့ သဘောင်္အင်ဂျင်နီယာတစ်ဦး ဘ၀ကနေ ကမ္မဌာန်းနည်းပြ ဖြစ်လာသူ ဦးမြင့်အောင်နဲ့ တွေ့ဆုံမေးမြန်း တင်ဆက်ထားပါတယ်။

“ ကိုယ့်ကိုကိုယ် ဆွမ်းလေးလောင်းရုံမျှ၊ သီလလေး စောင့်ထိန်းရုံမျှ၊ နေ့စဉ် စိတ်ကောင်းလေးထားရုံမျှ အပယ်လွတ်ပြီ ထင်ကြတယ်….
တကယ်လို့ ဓားထိုးခံရ၊ မီးလောင်ခံရချိန် ဘယ်လိုရှုမှတ်မလဲ….
ဒါတွေကို မရှုမှတ်သေးပဲနဲ့ တရားရှုမှတ်တတ်တယ်လို့ မခေါ်ပါဘူး…
ကျားစား ခံရတာတောင်မှ ရဟန္တာဖြစ်တဲ့အထိ ရှုမှတ်လို့ရနိုင်တာသည် ၀ိပဿနာပညာ တစ်ခုပဲ ရှိပါတယ်….
ဘ၀မှာ အပယ်လွတ်အောင်ဆိုရင် ၀ိပဿနာပညာကသာ Save ဖြစ်ပါတယ်…..”

 


နောက်ဆုံးရသတင်းများ

1 2 3 2,993