“HAPPY WEEKEND” (ရုပ်သံအစီအစဉ်)

“ကျိုက်သလဲရွာလေးဆီက CBT မင်္ဂလာ Bio Garden”

ဓနိမိုးထရံကာအိမ်လေးတွေကနေ စိမ်းစိုနေတဲ့ သီးနှံစိုက်ခင်းတွေကို မျက်စိတဆုံး ကြည့်ရှူခံစားပြီး စိုက်ခင်းတွေကြားထဲ လမ်းလျှောက်ရင်း သဘာဝလေနုအေးကို ရှူရှိုက်ကာ သစ်ရိပ်ဝါးရိပ်အောက်မှာထိုင်ရင်း ဘ၀အမောတွေပြေပျောက် စိတ်ရွှင်လန်းစေမယ်။ ရွာဓလေ့ အလှအပတွေနဲ့ အနီးပတ်ဝန်းကျင်က သဘာဝရှုခင်းတွေကို စက်ဘီးကလေးစီးပြီး လျှောက်ကြည့်ရတာဟာ ဘာနဲ့မှမလဲနိုင်တဲ့ စိတ်အပန်းဖြေခြင်းတစ်မျိုးပါပဲ။ အဲဒီနေရာလေးကတော့ တွံ့တေးမြို့နယ် ကျိုက်သလဲကျေးရွာ (အလယ်ပိုင်း) က CBT မင်္ဂလာ Bio Garden ပဲ ဖြစ်ပါတယ်။

 


နောက်ဆုံးရသတင်းများ

1 2 3 3,433