ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်း သတင်းအစီအစဉ်

■ ပြည်သူလူထု ချမ်းသာကြွယ်ဝရေးနှင့် သဘာဝသယံဇာတပေါကြွယ်ဝမှု ထိန်းသိမ်းရေးတို့အား ဦးတည်သည့် စီးပွားရေးတစ်ခုဖြစ်လာစေရန် ကြိုးစားနေဟု ဒုသမ္မတ (၁) ဦးမြင့်ဆွေ ပြောကြား

■ ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံအားကောင်းစေရန် Mobile Medical Team ဖွဲ့၍ ကျေးရွာများသို့ ကွင်းဆင်းကာ Rural Community Health မြှင့်တင်ပေးရန်အဆို ပြည်သူ့လွှတ်တော် မှတ်တမ်းအဖြစ်သာ ထားရှိ

■ ထိုင်းနိုင်ငံရှိ မြန်မာအပါအ၀င် ရွှေ့ပြောင်းလုပ်သားများအားလုံး နေထိုင်ခွင့်သက်တမ်း အမြန်ဆုံးတိုးနိုင်ရန် OSS ရုံးများကို ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ဖွင့်လှစ်

■ တာမွေမြို့နယ်တွင် အသက် (၅၀) ကျော် အမျိုးသမီးတစ်ဦးကို လင်မယားနှစ်ဦးက ငွေကြေးကိစ္စနှင့်ပတ်သက်ပြီး စကားများရန်ဖြစ် ထိုးကြိတ်ခဲ့ရာမှ သေဆုံးမှုဖြစ်ပွား

■ တောင်ကိုရီးယား ဆောင်းရာသီအိုလံပစ်ပွဲတော်အတွင်း မြောက်ကိုရီးယားသံတမန်များနှင့် အမေရိကန်ဒုတိယသမ္မတ မိုက်ခ်ပန့် တွေ့ဆုံဖွယ်ရှိ

■ နှစ်နိုင်ငံကုန်သွယ်ရေးတွင် ဒေါ်လာအစား ယွမ်ငွေကိုအသုံးပြုရန် ကမ္ဘောဒီးယားနိုင်ငံအား တရုတ်တိုက်တွန်း

■ အိန္ဒိယ၀န်ကြီးချုပ် မိုဒီ၏ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း ပါလက်စတိုင်းခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးသွားမည်

■ မော်လ်ဒိုက်နိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် တရားရုံးချုပ်အကြီးအကဲကို ဖမ်းဆီး

■ စင်ကာပူလေကြောင်းပြပွဲတွင် ပါဝင်ပြသသည့် တောင်ကိုရီးယားလေယာဉ်တစ်စင်း ချန်ဂီလေဆိပ်တွင် မတော်တဆမှုဖြစ်ပွားပြီး မီးလောင်ခဲ့

■ တရားမ၀င်အမဲလိုက်မှုဖြင့် ထိုင်းဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး

■ AFC Futsal Championship 2018 အုပ်စု နောက်ဆုံးပွဲစဉ်တွင် တရုတ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အုပ်စုသုံးပွဲစလုံး ရှုံးနိမ့်ခဲ့သည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း

 


နောက်ဆုံးရသတင်းများ

1 2 3 2,996