ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေမည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်နိုင်ရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNEP အမှုဆောင်ညွှန်ကြားရေးမှူးတို့ တွေ့ဆုံဆွေးနွေး

■ ပြည်ခိုင်ဖြိုးပါတီက ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများက ယုံကြည်အားကိုးလာအောင် အလုပ်ဖြင့် သက်သေပြကာ မဲဆွယ်သွားမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ပြောကြား

■ သတင်းထောက်များအား ဖမ်းဆီးစဉ်က ရဲမှတ်တမ်းကို ကိုယ်တိုင်မီးရှို့ခဲ့သည်ဟု တရားလိုပြသက်သေ ရဲအရာရှိမှ တရားရုံးတွင် ထွက်ဆိုသွားကြောင်း ရိုက်တာသတင်းထောက် နှစ်ဦး၏ ရှေ့နေကပြောကြား

■ ပုံနှိပ်လုပ်ငန်းတစ်ခုလုံး ကျသင့်ငွေအပေါ် အခွန်ပေးဆောင်ရခြင်းထက် ၀န်ဆောင်မှုနှင့် သက်ဆိုင်သော အခွန်သာ ပေးဆောင်လိုဟု ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း တောင်းဆို

■ ပညာရေးအသုံးစရိတ်တိုးမြင့်ရေး တိုက်ပွဲကော်မတီ နောက်ဆုံးထုတ်ပြန်စာကို မိတ္ထီလာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများထံ လိုက်လံဝေငှ

■ ဆီးရီးယားကလိုရင်းဓါတ်ငွေ့ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ရုရှားနှင့် အမေရိကန်တို့ အငြင်းပွား

■ ၂၀၁၈ စင်ကာပူလေကြောင်းပြပွဲကို အာဆီယံကာကွယ်ရေး ၀န်ကြီးများ တွေ့ဆုံဆွေးနွေးပွဲနှင့်အတူ ပူးတွဲကျင်းပ

■ ဗီယက်နမ်အစိုးရအပေါ် ကန့်ကွက်ဆန္ဒပြမှုများကို ဦးဆောင်သူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူ တစ်ဦးအား ထောင်ဒဏ် ၁၄ နှစ်ချမှတ်

■ ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားပြိုင်ပွဲ မဲခွဲပွဲပြုလုပ်ခဲ့ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့ ကွာတားဖိုင်နယ်အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်

 


နောက်ဆုံးရသတင်းများ

1 2 3 3,447