ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ ရခိုင်မြောက်ပိုင်း ဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး၊ ဒေသခံတိုင်းရင်းသားများ၏ အသက်အိုးအိမ် လုံခြုံမှုရှိစေရေး ပြုလုပ်ပေးရန်အဆို လွှတ်တော်တွင် ဆွေးနွေးမည်

■ ရုရှားနိုင်ငံက Yak 130 အပေါ့စား ဂျက်တိုက်လေယာဉ် ဒုတိယအသုတ် ခြောက်စင်းကို မြန်မာနိုင်ငံသို့ ထပ်မံပေးပို့မည်

■ သဘာဝ သယံဇာတ ပစ္စည်းများ ပျက်စီးဆုံးရှုံးနေခြင်းကို ကာကွယ်နိုင်ရန်အတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို ထပ်မံဖြည့်စွက်ရန် လိုအပ်ဟု တပ်မတော်သား ကိုယ်စားလှယ် ဆွေးနွေး

■ ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရေး တောင်းဆိုရာမှ ကျောင်းထုတ်ခံရသည့် ကျောင်းသားများ ကျောင်းပြန်လည် တက်ခွင့်ရရေးအတွက် ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်း

■ ဦးကိုနီအမှုရုံးချိန်းတွင် ‘မင်းတို့ထမင်းဝအောင်စားထား’ ဆိုသော စာသားပါသည့် အင်္ကျီများဝတ်ဆင်ပြီး တရားရုံးသို့ လာခဲ့သူများကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်

■ မြ၀တီမြို့တွင် လောင်းကစားရုံများ ပပျောက်ရေး ပြည်သူလူထု ဆန္ဒထုတ်ဖော်ပြီးနောက် ဒုတိယအကြိမ်မြောက်အဖြစ် ဂိမ်းရုံတစ်ရုံ ထပ်မံဖမ်းဆီး

■ မြောက်ကိုရီးယားကို အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု အမေရိကန် ဒုသမ္မတ မိုက်ပန့်စ် ပြောကြား

■ ရုရှား – ဂျပန် ငြိမ်းချမ်းရေး သဘောတူညီမှုအတွက် အပြီးသတ် လုပ်ဆောင်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ကတိပြု ပြောကြား

■ ၀ီကီလိခ် တည်ထောင်သူ ဂျူလီယန်အက်ဂ်ဆန်အား ဖမ်းဝရမ်း ထုတ်ပြန်ထားမှုကို ဗြိတိန်တရားရုံး အတည်ပြု

 


နောက်ဆုံးရသတင်းများ

1 2 3 3,443