ဖေဖော်ဝါရီလ ၈ ရက်နေ့ ညပိုင်း သတင်းအစီအစဉ်

■ စက်မှုလယ်ယာစနစ် အမြန်ဆုံး တိုးတက်အောင်မြင်ရန် ဧကကွက်များ ဖော်ထုတ်ခြင်းလုပ်ငန်းကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ပေးရန် အဆိုပြည်သူ့လွှတ်တော် မှတ်တမ်းတင်

■ ထိုင်းကုမ္ပဏီတစ်ခုက အသရေဖျက်မှုဖြင့် မြန်မာအလုပ်သမားများကို တရားစွဲဆိုခဲ့မှုအား ထိုင်းတရားရုံးက စစ် ဆေးကြားနာမှုများ စတင်ပြုလုပ်

■ ဗေဒင်ဆရာ အောင်ချစ်ပိုအား ပြည်ထဲရေးဝန်ကြီးဌာနမှ ဖမ်းမိဟု သတင်းထုတ်ပြန်ထားသော်လည်း ဖမ်းဆီးထားခြင်းမရှိဘဲ စစ်ဆေးနေမှုသာရှိကြောင်း ရဲတပ်ဖွဲ့မှ ပြောကြား

■ FDA ၀န်ထမ်းအမျိုးသမီးကို ပစ္စည်းလုယက်၊ သားမယားပြုကျင့်ကာသတ်ဖြတ်ခဲ့သည့် အငှားယာဉ်မောင်းကို ရုံးထုတ်ခဲ့သည့် မြောက်ဒဂုံမြို့နယ် တရားရုံးအနီးတွင် မုဒိမ်းမှုမှန်သမျှ သေဒဏ်ပေးရေးလှုပ်ရှားမှု ပြုလုပ်

■ နှစ်ရက်အတွင်း ခွေးရူးကိုက်ခံရသည့် လူနာ ၃၀ ဦးအထိ မုံရွာပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့

■ ဆောင်းရာသီ အိုလံပစ်ပွဲတော် ဖွင့်ပွဲမတိုင်မီ တစ်ရက်အလိုတွင် မြောက်ကိုရီးယားက စစ်ရေးပြပွဲ ပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားကလည်း လုံခြုံရေးတပ်ဖွဲ့များကို တင်းကြပ်ထူထပ်စွာ ချထား

■ ဆီးရီးယားရှိ သူပုန်ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းတိုက်စစ်ဆင်မှုကြောင့် အရပ်သား ၃၁ ဦး သေဆုံး

■ ထိုင်ဝမ်တွင် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နေသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားခြင်း မရှိဘဲ ဆက်လက်ဆောင်ရွက်နေ

■ တောင်ဆူဒန်တွင် မိန်းကလေးများအပါအ၀င် ကလေးစစ်သား ရာနှင့်ချီ၍ ပြန်လည် လွတ်မြောက်လာခဲ့ဟု ကုလသမဂ္ဂ ပြောကြား

■ တရုတ်နိုင်ငံတောင်ပိုင်းတွင် လမ်းပြိုမှုကြောင့် လူရှစ်ဦးသေဆုံး၊ သုံးဦး ပျောက်ဆုံးနေ

■ မြန်မာဖူဆယ်အသင်း အဆင့် (၁၀)ဆင့် ကျဆင်းခဲ့ပြီး ကမ္ဘာ့အဆင့် (၈၁)သို့ ရောက်ရှိ

 

 


နောက်ဆုံးရသတင်းများ

 

1 2 3 3,735