ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ စင်ကာပူလေကြောင်းပြပွဲတွင် ပြသထားသည့် တိုက်ခိုက်ရေး လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့ လေယာဉ်များနှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကြည့်ရှု လေ့လာ

■ တိုက်ပွဲရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စီမံကိန်းအသွင်ဖြင့် ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြောကြား

■ ပညာရေးအသုံးစရိတ် မြှင့်တင်ပေးရေးတောင်းဆိုခဲ့မှုကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသူ ကျောင်းသားအားလုံး မည်သည့်လက်မှတ်မျှမထိုးရဘဲ ကျောင်းပြန်တက်ခွင့်ရရှိ

■ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း သက်သေပြရန် ဘင်္ဂါလီများ ၀င်ရောက်လာမှုသမိုင်းကြောင်းစာအုပ် ထုတ်ဝေရန် ဆောင်ရွက်နေ

■ အခြေခံအဆောက်အအုံ၊ လျှပ်စစ်နှင့် မီးရထားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ကိုရီးယားလုပ်ငန်းရှင်များ စိတ်ဝင်စားမှု ရှိနေ

■ အိန္ဒိယ – မြန်မာနယ်စပ်ရှိ နန်းဖာလုံဈေးတွင် မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်း ၁၇၀၀၀ ကျော် ဆုံးရှုံးခဲ့ပြီး အရောင်းအ၀ယ်များ ယာယီရပ်ထားရ

■ Cobra Gold စစ်ရေးလေ့ကျင့်ခန်းအတွင်း မြန်မာနိုင်ငံ ပါဝင်ခွင့်မပြုရန် အမေရိကန်လွှတ်တော် အမတ်များ တောင်းဆို

■ ဘင်္ဂလားဒေ့ရှ်အတိုက်အခံခေါင်းဆောင် ဇီယာကို ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ပြီးနောက် မြို့တော်ဒါကာ အပါအ၀င် မြို့အချို့တွင် ထောက်ခံသူများနှင့် ရဲများအကြား ပဋိပက္ခများ ဖြစ်ပွား

■ အမေရိကန်နှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုပြုလုပ်ရန်အဆင့်သင့်ရှိကြောင်း ရုရှားပြောကြား

■ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် လေထုညစ်ညမ်းမှု အန္တရာယ်ရှိသည့် အဆင့်သို့ ရောက်ရှိ

 


နောက်ဆုံးရသတင်းများ

1 2 3 2,993