ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းသတင်း အစီအစဉ်

■ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးကိစ္စများ ထည့်သွင်းဆွေးနွေး

■ NCA လက်မှတ်ထိုးတော့မည့် မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ကို အကြမ်းဖက်သူများ မဟုတ်ကြောင်း ထုတ်ပြန်

■ ဒီးမော့ဆိုမြို့နယ်၊ လီဝိုးကျေးရွာအနီးတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် လျာထားမှုကို ကန့်ကွက်သည့်အနေဖြင့် ဘိလပ်မြေစက်ရုံ အလိုမရှိ ဆိုင်းဘုတ်များ စိုက်ထူ

■ ၁၂၄၀ပြည့်နှစ် မန္တလေးနန်းတွင်းရေး အရှုပ်တော်ပုံတွင် စီရင်ဖျောက်ဖျက်ခြင်း ခံခဲ့ရသည့် မက္ခရာမင်းသားကြီး အပါအ၀င် မင်းမျိုးမင်းနွယ်များအတွက် ဆုတောင်းအမျှပေးဝေမှု ပြုလုပ်

■ ဂျပန်နိုင်ငံ JICA ချေးငွေဖြင့် တည်ဆောက်ခဲ့သည့် စစ်ကိုင်းမြို့ပေါ်သို့ ရေပေးဝေသွားမည့် မြစ်ရေတင် စီမံကိန်းဖွင့်လှစ်

■ အီးယူ ကိုယ်စားလှယ် အဖွဲ့များ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာမည်

■ မြောက်ကိုရီးယား အရေးနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် အမေရိကန်အကြား သဘောထားကွဲလွဲမှု မရှိဟု အမေရိကန် ဒုသမ္မတ မိုက်ပန့်စ် ပြောကြား

■ ဒေသတွင်း ပဋိပက္ခများကို ဦးတည်စေမည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန် အစ္စရေး ၀န်ကြီးချုပ်ကို ပူတင် တိုက်တွန်း

■ ဒေသအတွင်း တရုတ်နိုင်ငံ၏ သြဇာကြီးမားလာမှုကို ထိန်းချုပ်ရန် အရှေ့အာရှတွင် မရိန်းတပ်ဖွဲ့များ ဖြန့်ကျက်ရန် အမေရိကန် ချိန်ဆနေ

■ ယင်လတ်နှင့် သက်ဆင်တို့ ဘေဂျင်းတွင် ဈေးဝယ်ထွက်နေသည်ကို တွေ့ရှိခဲ့ဟု မီဒီယာဝက်ဆိုဒ်များက ဖော်ပြခဲ့

■ တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ နေ့စဉ်ထုတ်လုပ်မှု ပမာဏ (၉၀) သန်း ကုဗမီတာသို့ စံချိန်တင် ရောက်ရှိလာ

 


နောက်ဆုံးရသတင်းများ

1 2 3 2,502