ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ NMSP နှင့် LDU တို့ NCA လက်မှတ်ရေးထိုးပွဲ ယနေ့ပြုလုပ်မည်ဖြစ်ပြီး UNFC အဖွဲ့ဝင်အားလုံး လက်မှတ်ရေးထိုးနိုင်ရေး နည်းလမ်းရှာမည်ဟု လက်မှတ်ထိုးမည့်အဖွဲ့နှစ်ဖွဲ့မှ ဥက္ကဋ္ဌများ ပြောကြား

■ ပါဂျောင်ဒေသတွင် ကျဆုံးသွားခဲ့ရသည့် ကျောင်းသားရဲဘော်များနှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့သူများ အမှန်တရားကို ဖော်ထုတ်ဝန်ခံသင့်ပြီဖြစ်ကြောင်း မြောက်ပိုင်းပြန် ABSDF ရဲဘော်ဟောင်းများ ပြောကြား

■ ဗကသများ အဖွဲ့ချုပ်မှ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ အပါအဝင် (၂) ဦးကို ထုတ်ပယ်ကြောင်း ကြေညာချက်ထုတ်ပြန်

■ မြိတ်မြို့တွင် ဖြစ်ပွားခဲ့သည့် တရားမ၀င် ၀က်တင်သွင်းမှု စိစစ်ရေးအဖွဲ့မှ တိမွေး/ကု ဒုဦးစီးမှူးအား ကိုယ်ထိလက်ရောက် လုပ်ဆောင်ခဲ့မှုကို ဥပဒေကြောင်းအရ ဆောင်ရွက်မည်ဟုဆို

■ ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုမှုများ မြင့်တက်လာသောကြောင့် ပညာရေးရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်းတစ်ခု MIC ထုတ်ပြန်မည်

■ ထောင်ချခံခဲ့ရသည့် အတိုက်အခံခေါင်းဆောင်အား ပြန်လွှတ်ပေးရန်နှင့် တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူထောင်ပေါင်းများစွာ ဆန္ဒပြ

■ IS တပ်ဖွဲ့များနှင့် သုံးနှစ်ကြာ စစ်ဖြစ်ပွားခဲ့သော အီရတ် နိုင်ငံကို ပြန်လည်တည်ဆောက်ရန် ဒေါ်လာ ဘီလျံ(၉၀) လိုအပ်မည်ဖြစ်ကြောင်း အာဏာပိုင်များ ပြောကြား

■ လိုက်ပါလာသူအားလုံး သေဆုံးခဲ့ရသည့် ရုရှားလေယာဉ်ပျက်ကျမှုကို အထူးကော်မရှင်ဖွဲ့ကာ စုံစမ်းစစ်ဆေးရန် ရုရှားသမ္မတပူတင်ညွှန်ကြားထား

■ ဟာဇက်ရဲ့ခြေစွမ်းပြသွင်းဂိုးတွေနဲ့ ၀က်စ်ဘရွန်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ချယ်လ်ဆီး

 


နောက်ဆုံးရသတင်းများ

1 2 3 2,996