ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်း သတင်းအစီအစဉ်

■ NLD အစိုးရလက်ထက်တွင် ပထမဆုံးအဖြစ် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ NCA စာချုပ်တွင် လက်မှတ်ထိုး

■ ဗိုလ်ချုပ်အောင်ဆန်း ၁၀၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် နတ်မောက်မြို့နှင့် ရန်ကုန်ပြတိုက်တို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့

■ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ကလေးငယ်တစ်ဦး ဗုံးသီးဟောင်းတစ်လုံးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား

■ လမ်းပိုင်းပြတ်တောက်ကာ ရိက္ခာပြတ်လပ်မှုကြောင့် ပူတာအိုဒေသခံ ရာချီဆန္ဒပြ

■ ပါလက်စတိုင်းသမ္မတနှင့် ရုရှားသမ္မတပူတင်တို့ မော်စကိုတွင်တွေ့ဆုံ၍ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအရေး ဆွေးနွေး

■ အဖြူရောင်အမှုန့်များပါသော စာအိတ်ကိုဖောက်ခဲ့သည့် ဒေါ်နယ်ထရန့်၏ချွေးမကို ဆေးရုံပို့ခဲ့ရ

■ ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်စစ်သားအများအပြား ပူးပေါင်းပါဝင်

■ တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေး၏ လူယုံအမျိုးသမီးကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်

■ တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားကို ရာထူးမှ ၄၈ နာရီအတွင်း နုတ်ထွက်ပေးရန် အာဏာရ (ANC) ပါတီအချိန်ပေးထား

■ မလေးရှားရှိ EPF အဆောက်အအုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူ ၆၀၀ ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရ

■ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် ကာဂျစ္စတန်အသင်းတို့ အာရှဖလားခြေစစ်ပွဲ ပြန်ကန်ပွဲစဉ်ကို တောင်ကိုရီးယားနိုင်ငံတွင် ယှဉ်ပြိုင်ကစားရန် MFF လက်ခံ

 


နောက်ဆုံးရသတင်းများ

1 2 3 3,447