ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ မွန်ပြည်သစ်ပါတီနှင့် RCSS တို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြီးစီးသည့်အချိန်တွင် ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို ကျင်းပနိုင်မည်ဟုဆို

■ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ ပဒေါင်းကျေးရွာအနီးတွင် ယာယီကျောက်တိုင် စိုက်ထူကာ ရှေးဟောင်းယဉ်ကျေးမူဧရိယာ သတ်မှတ်ပြီး စမ်းသပ်တူးဖော်မည်

■ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ရှိ စစ်မှုထမ်းဟောင်း အိမ်ရာမြေကွက်များ ဖော်ဆောင်ရာတွင် ပွင့်လင်း မြင်သာမှု မရှိသဖြင့် တတိယအကြိမ်တိုင်ကြားထားဟု စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များပြော

■ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လမ်းဦးစီးဌာနက လမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျူးကျော်ရှင်းလင်းမှုများကိုပါ တပါတည်း လုပ်ဆောင်

■ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးက ပထမဆုံးအကြိမ် တရုတ်နှစ်သစ်ကူး အကြိုပွဲတော် ကျင်းပပြုလုပ်

■ အီတလီနိုင်ငံမှ ကာနေဗယ်ပွဲတော်အတွင်း နှစ်စဉ်ကျင်းပမြဲဖြစ်သည့် လိမ္မော်သီးပွဲတော်ကို ထည့်သွင်းကျင်းပ

■ ကျွဲနွားတိရစ္ဆာန်များတွင်သာ တွေ့မြင်ရဖူးသည့် ကပ်ပါးကောင်မျိုးစိတ်တစ်မျိုး အမေရိကန်ပြည်ထောင်စုရှိ အမျိုးသမီးတစ်ဦး၏ မျက်လုံးတွင် ကူးစက်ခံထားရသည်ကို ကမ္ဘာ့ပထမဆုံး စတင်တွေ့ရှိ

■ ကမ္ဘာတစ်လွှား လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများအတွက် လေယာဉ်မှူးများ ရှားပါးလာမှု နှင့် ပတ်သတ်ပြီး ကုလသမဂ္ဂလေကြောင်းဆိုင်ရာ အေဂျင်စီက သတိပေး

 


နောက်ဆုံးရသတင်းများ

1 2 3 3,447