ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်း သတင်းအစီအစဉ်

■ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ၀န်ကြီးဌာနသို့ ပြန်လည်ပေးပို့ရန် လွှတ်တော် ဆုံးဖြတ်

■ မကွေးတိုင်းအစိုးရအဖွဲ့ လစ်လပ်ဝန်ကြီး နှစ်နေရာအတွက် အစားထိုးရန် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ နှစ်ဦးကို အမည်စာရင်း တင်သွင်း

■ မန္တလေးမြို့၊ ကျုံးဘေးပတ်လည်ရှိ လက်ရန်းသံပန်းများအား CNC နည်းပညာသုံး စတီးလက်ရန်းများဖြင့် အစားထိုးမှုများ စတင်လုပ်ဆောင်

■ ပုဒ်မ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် ဆရာတော်ဦး ပါမောက္ခအမှု လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

■ မိတ္တီလာ – ကျောက်ပန်းတောင်း ကားလမ်းမတွင် ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင်တိုက်မိရာမှ နှစ်ဦး သေဆုံး

■ ဓာတုလက်နက် အသုံးပြုသည့် သက်သေရရှိလာပါက ဆီးရီးယားကို တိုက်ခိုက်မည်ဟု ပြင်သစ်သမ္မတ သတိပေး

■ ၀န်ကြီးချုပ် နေတန်ယာဟု အား အကျင့်ပျက်ခြစားမှုဆိုင်ရာ ပြစ်မှုများဖြင့် စွဲချက်တင်ရန် အစ္စရေးရဲတပ်ဖွဲ့ ထောက်ခံချက်ပေး

■ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသို့ တက်ရောက်နေသည့် မြောက်ကိုရီးယားနိုင်ငံသားများအတွက် ဒေါ်လာ ၂.၆ သန်း သုံးစွဲရန် တောင်ကိုရီးယား အတည်ပြု

■ အချုပ်အခြာအာဏာပိုင်ပြီး လွတ်လပ်သည့် နိုင်ငံအဖြစ် ကြေညာခြင်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်ပွဲများ ကိုဆိုဗိုတွင် စတင်ပြုလုပ်

■ အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်ရှိ မောင့်ဟုဒ်တောင်ပေါ်မှ တောင်တက်သမားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ပြီး တောင်တက်သမားအချို့ကို ကယ်ဆယ်နိုင်ရန် ဆောင်ရွက်နေ

■ ထိုင်းနိုင်ငံမှ Mr.Bean ပုံစံ တုပ၀တ်စားပြီး ပုံစံတူဟာသများ လုပ်ဆောင်သူ၏ ဗွီဒီယိုဖိုင်များ လူကြည့်များ ထင်ရှားလာ

 


နောက်ဆုံးရသတင်းများ

1 2 3 2,996