Exclusive Interview (ရုပ်သံအစီအစဉ်)

(ပထမပိုင်း)

လက်ရှိ သက်ငယ်မုဒိမ်းမှုဖြစ်ပွားတဲ့ သတင်းတွေ ခပ်စိပ်စိပ် ကြားလာနေရသလို ၀န်ကြီးဌာနက ထုတ်ပြန်မှုတွေမှာလည်း သက်ငယ်မုဒိမ်းမှုက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာဆို ၂၂၆ မှု ပိုမိုဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ ကလေးငယ်တွေကို sex education အသိပေးဖို့ လိုလာပြီလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကလေးစာပေတွေကို ရေးသားနေသူ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုမဂ္ဂဇင်း ဉာဏ်ကြီးရှင်ရဲ့ စီစဉ်သူဖြစ်သလို အယ်ဒီတာချုပ် ဆရာမဒေါ်ခင်ဘုန်းသစ်နဲ့ တွေ့ဆုံပြီး sex education ကို ကလေးတွေ ဘယ်အရွယ်ကစပြီး သင်ပေးလို့ရပြီလဲ။ ဘယ်လိုတွေ သင်ပေးနိုင်လဲ ဆွေးနွေးပေးထားတဲ့အကြောင်းကို အခု ပထမပိုင်းမှာ တင်ဆက်ပေးထားပါတယ်။

“ ကိုယ့်ကလေးက မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာင်္းလေးပဲဖြစ်ဖြစ် အမြဲတမ်းကိုယ့်ရဲ့ အိမ်ကို ၀င်ထွက်သွားလာနေတဲ့ သူပဲဖြစ်ဖြစ်၊ အိမ်ဘေးနားက သူပဲဖြစ်ဖြစ် ကလေးဟာ ပုံမှန်ထက် ကြောက်လာတယ်၊ ပုံမှန်ထက် တွယ်တာလွန်းလာတယ်ဆိုရင် အဲဒီလူကို စောင့်ကြည့်ပါ ”

 


နောက်ဆုံးရသတင်းများ

1 2 3 3,443