Talented Instrumentalists (ရုပ်သံအစီအစဉ်)

စန္ဒရားပညာရှင် စောစန္ဒီနိုင်

ဂီတဆိုတာ လူသားတိုင်းရဲ့ စိတ်ခံစားမှုကို နူးညံ့ ပျော့ပျောင်းစေတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒီလိုပါပဲ သီချင်းကောင်းတစ်ပုဒ် ဖြစ်ဖို့ဆိုရင် တူရိယာတွေရဲ့ သံစဉ်တွေ ပေါင်းစပ်ဖွဲ့စည်းမှသာ သီချင်းကောင်းတစ်ပုဒ် ဖြစ်နိုင်ပါတယ်။

Talented Instrumentalists အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ တူရိယာ တီးခတ်သူတွေရဲ့ အနုပညာ အရည်အသွေးတွေကို ရိုက်ကူးတင်ဆက်ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။

ဒီတစ်ပတ်ရဲ့ Talented Instrumentalists အစီအစဉ်မှာ ငယ်စဉ်ကတည်းက စန္ဒရားပညာကို သင်ကြားခဲ့ပြီး အခုလက်ရှိ အချိန်ထိ စန္ဒရား တီးခတ်နေတဲ့ စန္ဒရား ပညာရှင် တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ စောစန္ဒီနိုင်ရဲ့ အနုပညာ စွမ်းရည်တွေကို ရိုက်ကူး တင်ဆက်ပေးလိုက်ပါတယ်။

 

နောက်ဆုံးရသတင်းများ