သေဖို့အဆင်သင့်ဖြစ်ပြီလား

သေဖို့အဆင့်သင့်ဖြစ်ပြီလား
မသေခင် ဥာဏ်ဦးပြီးပြီလား
သေနည်းတတ်ပြီလားလို့ ကိုယ့်ဘာသာမေးဖူးကြပါသလား။ ဒီလိုမေးမိချိန်မှာရော ဖြေစရာအဖြေရှိပါသလား။

ကိုယ်ရဲ့ခန္ဓာဝန် သန်မာလှုပ်ရှားမှုကောင်းနေချိန်မှာ သေတတ်ဖို့၊ အသေမြတ်ဖို့ ဘယ်လိုနေထိုင် အားထုတ်ရမလဲဆိုတာတွေကို ဗုဒ္ဓအလိုကျ လေ့လာရှုမှတ်နိုင်မယ့် နေရာတနေရာကို ဝေမျှပါရစေရှင်။

အချိန်မပေးနိုင်သူတွေအနေနဲ့ တရက်တာအချိန်ပေးရုံနဲ့ ဘယ်လိုစိတ်ထားနဲ့ နေ့စဉ်လှုပ်ရှားသွားမလဲဆိုတာသိနိုင်တဲ့ ဘ၀နေနည်း၊ သေခါနီးဘယ်လိုစိတ်ထားရမလဲ၊ ဘယ်လိုရှုမှတ်ရမလဲသိနိုင်တဲ့ ကျင့်ကြံနည်းတွေကို ပြောပြပေးမယ့် တရက်တရားစခန်းလို့ အမည်ပေးထားတဲ့ တရားစခန်းရှိပါတယ်။

တကယ်လို့များကိုယ့်မိဘ၊ ကိုယ့်ဆွေမျိုး၊ ကိုယ့်ဝန်းကျင်ရှိ သူတစ်ဦးဦး ကိုယ့်ရှေ့မှာရောဂါခံစားနေပြီး ကုသဖို့ အဆင်မပြေ ဆရာဝန်တွေ လက်လျော့ချိန် လက်ရှိခန္ဓာကိုထားပြီး တခြားဘ၀ကိုပြောင်းရမယ်လို့ သိလိုက်ချိန်မှာ ဒါန၊သီလ၊ သမထ၊ ဘာဝနာတို့နဲ့ ဘယ်လိုလုပ်ဆောင်ပေးလို့ရလဲဆိုတာကို မှတ်သားဖွယ်သိခွင့်ရမယ့်နေရာမို့ အသေမဦးခင် ဥာဏ်ဦးစေနိုင်ဖို့ လက်ဆင့်ကမ်းဝေမျှ တင်ဆက်ပေးရပါတယ်ရှင်။

 


နောက်ဆုံးရသတင်းများ

1 2 3 3,137