မတ်လ ၈ ရက် နေ့လည်ခင်း သတင်းအစီအစဉ်

■ နေပြည်တော် မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြုကာ အင်အား ရစ်(ခ်)စတာ စကေး ၅ ဒသမ ၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့

■ မြူများ ထူထပ်စွာ ကျဆင်းနေမှုကြောင့် မတ်လ ၈ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေယာဉ်ခရီးစဉ်အားလုံးကို ခေတ္တဆိုင်းငံထားခဲ့ရ

■ ဂျပန်နိုင်ငံ JICA အထောက်အပံ့ ချေးငွေဖြင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ တောင်သူ ၇၀ ဦးကို ကျပ်သန်း နှစ်ထောင်ကျော် ထုတ်ချေး

■ စက်သုံးဆီများကို နေ့စဉ်ပေါက်ဈေးအတိုင်း ရောင်းချနေမှုနှင့် ဈေးနှုန်းကြီးမြင့်မှုများကို ထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ဆောင်မည်ဟုဆို

■ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်း မြေနုကျွန်းနှင့် ကိုင်းမြေများတွင် စိုက်ပျိုးသော ဂေါ်ဖီနှင့်အခြားကိုင်းသီးနှံများ ဈေးနှုန်းကျဆင်းကာ တွက်ခြေမကိုက်ဟု သိရ

■ ဆီးရီးယားအစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည် မဟုတ်ကြောင်း သူပုန်အဖွဲ့ပြောဆို

■ အင်ဒိုနီးရှားနိုင်ငံရှိ တိရိစ္ဆာန်ဥယျာဉ်တစ်ခုတွင် အော်ရန်ဝူတန် လူဝံကြီးတစ်ကောင် ဆေးလိပ်သောက်နေသည်ကို ထူးခြားအံ့ဖွယ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့

■ အမေရိကန်ပြည်ထောင်စု အယ်လ်ဘာမာပြည်နယ် အထက်တန်းကျောင်း ပစ်ခတ်မှုကြောင့် ကျောင်းသားတစ်ဦးကာ သေဆုံး နှစ်ဦး ဒဏ်ရာရရှိ

 


နောက်ဆုံးရသတင်းများ

1 2 3 3,626