မတ်လ ၁၀ ရက်နေ့ နေ့လယ်ခင်း သတင်းအစီအစဉ်

■ အစိုးရသစ်အပေါ်တွင်နိုင်ငံတကာ အသိုက်အဝန်းနှင့် ပြည်သူတို့၏ မြင့်မားသောမျှော်မှန်းချက်များ သည်ရှုပ်ထွေးမှုများကို ပိုမိုဝန်ပိစေကြာင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်း ပြောကြား

■ လားရှိုး- မန္တလေး အဆင်းလမ်းတွင် အလှသစ်ဇာတ်အဖွဲ့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ၆ ဦး သေဆုံး ကာ ၂၇ ဦး ဒဏ်ရာရ

■ ဆေးတက္ကသိုလ်မန္တလေးနှင့် စစ်ကိုင်းမြို့ရှိ တက္ကသိုလ်သုံးခု၌ မြန်မာ့ရိုးရာ အတာသင်္ကြန် အကြိုရေသဘင်ပွဲတော် ပြုလုပ်

■ မြန်မာ-ထိုင်းနယ်စပ် ဆင်းခွန်စနေဈေးအတွင်း မြန်မာနိုင်ငံမှ လာရောက်ရောင်းချနေသည့်ဈေးသည် များကိုရှောင်တခင်ဝင်ရောက်ဖမ်းဆီးကာ ထိုင်းနိုင်ငံမှ အာမခံငွေတောင်းယူမှုများရှိနေကြောင်း သိရ

■ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟင်္သာတခရိုင်၌ သဘာဝဘေးအန္တရာယ် အများဆုံးဖြစ်ပွားခဲ့

■ မြေမြုပ်မိုင်းအန္တရာယ်အများဆုံးခံရသော ဒေသတစ်ခုဖြစ်သည့် ကျောက်ကြီးမြို့နယ် မုန်းဒေသရှိ သက်ကြီးအဖိုး/အဖွားများကိ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

■ သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာ ဆန့်ကျင်ရေးအကြမ်းဖက် ဆန္ဒပြမှုများကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ပြစ်တင်ရှုတ်ချ

■ မြောက်ကိုရီးယားကို ဆက်လက်ဖိအားပေးရန် တရုတ်နှင့်အမေရိကန်တို့ သဘောတူ

 


နောက်ဆုံးရသတင်းများ

1 2 3 2,827