မတ်လ ၁၁ ရက် နေ့လယ်ခင်း သတင်းအစီအစဉ်

■ ပြည်ပမှ တရားမ၀င် စပါးလာရောက်ဝယ်ယူမှု ရှိနေသည့်အတွက် တားဆီးပေးရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အစိုးရထံတင်ပြထား

■ စွန့်ပစ်ပစ္စည်း ရေဆိုးများထွက်စေသည့် စက်ရုံအလုပ်ရုံများ ပတ်ဝန်းကျင်စီမံခန့်ခွဲမူ အစီအစဉ် ( EMP) ရေးဆွဲဆောက်ရွက်ခြင်း မရှိသည့် လုပ်ငန်းများကို အသိပညာပေးကာလကျော်လျှင် သတိပေးအရေးယူမူ ပြုလုပ်မည်

■ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး နှလုံးအထူးကုသဌာနတွင် ငါးနှစ်အတွင်း ရုတ်တရက် နှလုံးသွေးကြောပိတ်လူနာ ၆၀၀ ကျော် ကုသပေးခဲ့

■ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက္ကူဆင်ရုပ်ကြီးများ နှစ်လတာ ပြသထားမည်

■ ယခုနှစ် သင်္ကြန်ပိတ်ရက်များအတွက် အဝေးပြေးယာဉ်လိုင်းများတွင် ယာဉ်အစီးရေလိုအပ်လာပါက YBS ယာဉ်လိုင်းများမှ ယာဉ်များဖြင့် ဖြည့်တင်းပြေးဆွဲသွားမည်

■ အမေရိကန် သမ္မတဟောင်းအိုဘားမားက ရုပ်သံအစီအစဉ်တစ်ခု ထုတ်လွှင့်ရန် အွန်လိုင်းရုပ်သံတွင် ဦးဆောင်နေသည့် Netflix နှင့် ဆွေးနွေးနေ

■ ပြင်သစ်သမ္မတမက်ခရွန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နှစ်နိုင်ငံကုမ္ပဏီများ ဒေါ်လာ (၁၆) ဘီလျံတန်ကြေးရှိ စာချုပ်များ လက်မှတ်ရေးထိုး

■ တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သော ဆောင်းရာသီမသန်စွမ်း အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြောက်ကိုရီးယား မသန်စွမ်းအားကစားသမားများ သီးခြားတက်ရောက်ခဲ့

 


နောက်ဆုံးရသတင်းများ

1 2 3 3,613