မတ်လ ၁၂ ရက် နေ့လည်ခင်း သတင်းအစီအစဉ်

■ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ ဆက်လက် ကျင်းပ

■ အပူဒဏ်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေုးပြဿနာများ ဖြစ်လာနိုင်ခြင်းကြောင့် အထူးသတိပြုနေထိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

■ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးဒေသတွင် ကိုရီးယားကုမ္ပဏီမှ ဆီအုန်းစီမံကိန်းကြောင့် သိမ်းယူခံခဲ့ရသည့် ဥယျာဉ်ခြံဧက ၂၀၀၀ ကျော်မှ အချို့မြေများကို အစိုးရဘက်က ပြန်ရုပ်သိမ်းပေးရန် ဒေသခံများလိုလား

■ အင်္ဂလိပ်အစိုးရနှင့် မဆလအစိုးရ လက်ထက် တူးဖော်ခဲ့သည့် ကနီမြို့နယ်ရှိ အင်းကြီး (၁၀) ခုအတွင်းမှ လယ်ယာမြေများအား တောင်သူများအချိန်မီ သီးနှံစိုက်ပျိုးနိုင်ရန်အတွက် ပြန်လည် တူးဖော်သွားမည်

■ “မန္တလေးရတနာမောလ်” ကျောက်မျက်ရတနာဈေး တစ်နှစ်ပြည့် ကျောက်မျက်အရောင်းပြပွဲနှင့် အလှမယ်ရွေးချယ်ပွဲ ကျင်းပမည်

■ နယူးယောက်မြို့အနီးရှိ မြစ်ထဲသို့ ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး နှစ်ဦးသေဆုံး

■ မြောက်ကိုရီးယားအရေး တရုတ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးရန် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တရုတ်သို့ ထွက်ခွာ

■ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် အာဏာရှင်ဆန့်ကျင်ရေး စုဝေးဆန္ဒပြပွဲသို့ လူရာပေါင်းများစွာ တက်ရောက်

 


နောက်ဆုံးရသတင်းများ

1 2 3 3,153