၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့မှုအပေါ် ကျောင်းသား၊ ကျောင်းသူ အမြင်များ (Public Voice ရုပ်သံ အစီအစဉ်)

မြန်မာနိုင်ငံရဲ့ပညာရေးစနစ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုတာ ကျောင်းသားလူငယ်တွေရဲ့ ဘဝ တစ်ချိုးကို ပြောင်းလဲစေနိုင်တဲ့ စာမေးပွဲတစ်ခုလို့ သိထားကြပါတယ်။
စာမေးပွဲဖြေဆိုနိုင်ဖို့ တစ်နှစ်ပတ်လုံး သင်ရိုးတွေ မေးခွန်းဟောင်းတွေကို အပြန်ပြန်အလှန်လှန်လေ့ကျင့်ပြီးမှ စိတ်လှုပ်ရှားမှု အပြည့်နဲ့ ဝင်ရောက် ဖြေဆို ကြရတာပါ။

၂၀၁၈ ခုနှစ်ရဲ့တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုတော့ မတ်လ ၇ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖြေဆိုခဲ့ကြပြီးဖြစ်ပါတယ်။
မတ်လ ၁၄ ရက်နေ့မှာတော့ သိပ္ပံဘာသာတွဲနဲ့ ဝိပ္ပံဘာသာတွဲတွေ ဖြေဆိုမှုပြီးဆုံးခဲ့ပြီး ဝိဇ္ဇာဘာသာတွဲကျောင်းသားတွေကတော့ မတ်လ ၁၆ ရက်နေ့အထိ ကျန်တဲ့ဘာသာရပ်တွေကို ဆက်လက်ဖြေဆိုကြရမှာ ဖြစ်ပါတယ်။

ဖြေဆိုပြီးတဲ့ ဘာသာရပ်တွေမှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဖြေဆိုခဲ့မှုအပေါ် အားရ ကျေနပ်စွာ ဖြေဆိုနိုင်ရဲ့လား။ မိဘတွေကရော ကလေးတွေရဲ့ ဖြေဆိုမှုအပေါ် ဘယ်လိုစိတ်လှုပ်ရှားရလဲ။ ဘယ်လိုမျှော်လင့်လဲ စတဲ့ အကြောင်းတွေကို မေးမြန်း တင်ဆက်ထားတာပါ။

 


နောက်ဆုံးရသတင်းများ

1 2 3 3,443