မတ်လ ၁၇ ရက်နေ့ နေ့လည်ခင်း သတင်းအစီအစဉ်

■ ARSA အကြမ်းဖက်အဖွဲ့လှုပ်ရှားမှုနှင့် ပတ်သက်သော ကိစ္စရပ်များ အပါအ၀င် နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တွင် ဖြစ်ပေါ်ခဲ့သည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး

■ ရှမ်း/မြောက်တွင်ဖြစ်ပွားနေသော တိုက်ပွဲအတွင်းပိတ်မိနေသော စစ်ဘေးရှောင် ၂၂၀ ကျော်ကို ကယ်ထုတ်လာနိုင်ပြီး ထွက်မလာနိုင်ဘဲ ပိတ်မိနေသော ရွာများ ကျန်နေသေးကြောင်း ကူညီရေးအသင်းများပြောကြား

■ SME လုပ်ငန်းများ စီမံခန့်ခွဲမှုပွင့်လင်းမြင်သာမှုရှိရေး ဦးတည်ရေးဆွဲထားသည့်ရန်ကုန်တိုင်း ဒေသကြီးအတွက် ခြောက်လတာ ဒေသန္တရစီမံကိန်းဥပဒေကြမ်း”ကို တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်း

■ စစ်ကိုင်းတောင်အတက်လမ်းဘေးရှိ မြေဧကခုနှစ်ဧကကျော်ကို တစ်ဦးတည်းဂရန်ချထားပေးမှုကို စိစစ်ပေးရန် ပြန်လည်စီစစ်ရေးကော်မတီသို့တင်ပြထား

■ ထားဝယ်မြို့ရှိ အနောက်ရွှေဘုံသာဖောင်တော်သီ (မောလဲ)စေတီတော်၌ ထိုင်တော်မူရုပ်ပွားတော် ၇ ဆူ ပျောက်ဆုံးမှု ဖြစ်ပွား

■ စိန့်ပတ်ထရစ်နေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့အထင်ကရနေရာများကို အစိမ်းရောင်များ ပြောင်းလဲဖော်ပြ

■ ဘူရွန်ဒီနိုင်ငံတွင် မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားကာ အနည်းဆုံး ၉ ဦး သေဆုံး

■ လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရုပ်သံအကူဒိုင်စနစ် VAR အသုံးပြုသွားမည်ဖြစ်ကြောင်း FIFA ဥက္ကဋ္ဌ ပြော

 


နောက်ဆုံးရသတင်းများ

1 2 3 3,310