Exclusive Interview (ရုပ်သံအစီအစဉ်)

“ဥာဏ်ရည်ဖွံ့ဖြိုးရေးမဂ္ဂဇင်း ဥာဏ်ကြီးရှင်ရဲ့ အယ်ဒီတာချုပ်ဖြစ်သလို ကလေးပြုစုပျိုးထောင်နည်းစာပေတွေ ရေးသားနေသူ ဆရာမခေတ်ဘုန်းသစ်နဲ့ တွေ့ဆုံမေးမြန်းခြင်း” (ပထမပိုင်း)

■ ကလေးပြုစုနည်းတွေဟာ အခုလက်ရှိအခြေအနေတွေမှာ ရှေးရိုးပြုစုနည်းတွေ မဟုတ်တော့ဘဲ ကလေးငယ်ရဲ့ရုပ်ပိုင်းအပြင် စိတ်ပိုင်းကိုပါ အလေးထား စောင့်ရှောက်မှုတွေနဲ့ ထိန်းကျောင်းလာတာကြောင့် မွေးစကနေ အသက် ၇ နှစ်အထိ Early Child hood ကာလတွေဟာ အရမ်းအရေးကြီးတဲ့ကာလ ဖြစ်ပါတယ်။ ဒီကာလတွေမှာ မှန်ကန်စွာ ပြုစုပျိုးထောင်နိုင်ဖို့အတွက် ဘယ်လိုတွေ လုပ်ဆောင်ပေးသင့်လဲ၊ ကိုယ့်ကလေးကို IQ ကောင်းပြီး ဦးနှောက်တခုလုံး ဖွံ့ဖြိုးဖို့အတွက် နေအိမ်တွေမှာပဲ ဘယ်လိုတွေ လေကျင့်ပျိုးထောင်ပေးလို့ရမလဲဆိုတဲ့ အချက်တွေကို ဥာဏ်ကြီးရှင်မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဖြစ်သလို ကလေးပြုစုပျိုးထောင်နည်းစာပေတွေ ရေးသားနေသူ ဆရာမခေတ်ဘုန်းသစ်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

“ကလေးဥာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုဆိုတာ ဆယ်ကျော်သက်အရွယ်မှ စလေ့ကျင့်ပျိုးထောင်ပေးရတာ မဟုတ်ပါဘူး။ မွေးစမှာကတည်းက စပျိုးထောင်လေ့ကျင်းပေးရမှာပါ။’’
“မွေးစကနေ အသက်ခုနစ်နှစ်ကာလငယ်ရွယ်စဉ် ကလေးဘ၀မှာ ကလေးတစ်ယောက်ကို ချစ်ခြင်းမေတ္တာတရားနဲ့ ဘယ်လိုပြုစုစောင့်ရှောက်လဲမူတည်ပြီး ကလေးတွေရဲ့ အရည်အသွေး ကွာခြားသွားတယ်။”
“ကလေးဦးနှောက်ဖွံ့ဖြိုးဖို့ဆို နိုင်ငံခြားကျောင်းပို့မှ လေ့ကျင့်ပေးလို့ရတာ မဟုတ်ပါဘူး။ အိမ်မှာလည်း လေ့ကျင့်ပေးလို့ရပါတယ်။”

 


နောက်ဆုံးရသတင်းများ

1 2 3 3,132