Exclusive Interview (ရုပ်သံအစီအစဉ်)

“ဥာဏ်ရည်ဖွံ့ဖြိုးရေးမဂ္ဂဇင်း ဥာဏ်ကြီးရှင်ရဲ့ အယ်ဒီတာချုပ်ဖြစ်သလို ကလေးပြုစုပျိုးထောင်နည်းစာပေတွေ ရေးသားနေသူ ဆရာမခေတ်ဘုန်းသစ်နဲ့ တွေ့ဆုံမေးမြန်းခြင်း” (ဒုတိယပိုင်း)

■ အနာဂတ်ခေါင်းဆောင်ဖြစ်မယ့် ကလေးတွေအတွက် IQ တခုတည်းမဟုတ်ဘဲ EQ ကလည်း အရေးပါတဲ့ကဏ္ဍမှာ ရှိနေတာကြောင့် EQ ကောင်းဖို့အတွက် ငယ်စဉ်ကလေးဘ၀မှာကတည်းက ပြုစုပျိုးထောင်ပေးခဲ့ရမှာ ဖြစ်ပါတယ်။ ဒီလိုပြုစုပျိုးထောင်ဖို့ ဘယ်လိုတွေလုပ်ပေးလို့ရလဲ၊ ကလေးတွေကိုစိတ်ပျော်ဖို့၊ များများထိတွေ့ခွင့်ပေး၊ များများတွေး၊ များများမြင်၊ များများကြားဖို့ လိုအပ်တာကြောင့် ဒီအခြေအနေကို ကလေးတွေအတွက် ဘယ်လိုတွေဖန်တီပေးထားဖို့လိုမလဲ စတဲ့အကြောင်းတွေကို ဥာဏ်ကြီးရှင်မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဖြစ်သလို ကလေးပြုစုပျိုးထောင်နည်းစာပေတွေ ရေးသားနေသူ ဆရာမခေတ်ဘုန်းသစ်က Eleven Broadcasting ရဲ့ Exclusive Interview အစီအစဉ်မှာ အခုလို ပြည့်ပြည့်စုံစုံ ပြောကြားပေးထားပါတယ်။

“EQ မှာပဲဖြစ်ဖြစ်၊ IQ မှာပဲဖြစ်ဖြစ် အဓိကအခြေခံက ချစ်ခြင်းမေတ္တာတရားပါ။ ချစ်ခြင်းမေတ္တာတဆင့်မှ ဥာဏ်ပညာကို ဖြတ်နိုင်မှာပါ….”
“ကလေးလက်နဲ့လုပ်နိုင်သလောက် အန္တရာယ်ကင်းတဲ့ အရာမှန်သမျှ သူ့လက်နဲ့ပေးလုပ်ပါ….”
“တစ်၊ နှစ်၊ သုံး၊ လေးနဲ့ အရောင်စုံတွေဆိုတာ Knowledge ပါ။ အဲဒါတွေကို များများပြောတတ်တာက အဓိကမကျဘဲ အရာဝတ္တုတွေကို ထိတွေ့မြင်ကြားတာက ပထမအရေးကြီးတာပါ။ ကလေးတစ်နှစ်ကနေ ငါးနှစ်အရွယ်က ကစားတဲ့အရွယ်ဖြစ်တာကြောင့် များများဆော့ကစားခိုင်းပြီး ချစ်ခြင်းမေတ္တာနဲ့ လွတ်လပ်ပျော်ရွှင်စွာထားပြီး ဖောင်ဒေးရှင်း နက်နက်တူးစေချင်ပါတယ်။”

 


နောက်ဆုံးရသတင်းများ

1 2 3 3,443