ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း (၁) ရက်နေ့ နံနက်ခင်း သတင်းအစီအစဉ်

■ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် မဟာသင်္ကြန် ပိတ်ပွဲအခမ်းအနားများ ရန်ကုန်နှင့်မန္တလေး အပါအ၀င် တိုင်းနှင့်ပြည်နယ် မြို့ကြီးများတွင် ပြုလုပ်

■ နေပြည်တော်ရှိ တိုက်ချီတိုရေကစားမဏ္ဍပ်၌ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတတို့ သင်္ကြန်အတက်နေ့တွင် ရေကစားခြင်းပြုလုပ်

■ ဘင်္ဂါလီဒုက္ခသည် မိသားစုတစ်စုကို ပြန်လက်ခံခဲ့သည်ဆိုသည့် မြန်မာအစိုးရ၏ ထုတ်ပြန်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ကုလသမဂ္ဂတို့ ငြင်းဆန်

■ မောင်တောမြို့တွင် ရခိုင်ရိုးရာသင်္ကြန်ကို ယနေ့နှစ်ဆန်း (၁) ရက်နေ့တွင် စတင်ကျင်းပမည်

■ ဆီးရီးယားသမ္မတ အာဆတ်ကိုထောက်ခံကြောင်း လူရာပေါင်းများစွာက မြို့တော်တွင် ချီတက်ဆန္ဒထုတ်ဖော်

■ အမေရိကန်နိုင်ငံ၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် ထောင်တွင်းဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့သဖြင့် ၇ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

■ သမ္မတထရန့်မှာ ကိုယ်ကျင့်တရား အားနည်းချက်ရှိသည်ဟု FBI ညွှန်မှူးဟောင်း ဝေဖန်

■ မလေးရှားနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် လန်ကာဝီဒေသအတွက် ခေါင်းဆောင်ဟောင်းမဟာသီ ၀င်ရောက်ရွေးကောက်ခံမည်

■ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲမှုများကို ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ ငြင်းဆို

 


နောက်ဆုံးရသတင်းများ

1 2 3 3,310