ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့) ညပိုင်း သတင်းအစီအစဉ်

■ တစ်နေ့ အနည်းဆုံး လုပ်ခလစာ ကျပ် ၄၈၀၀ နှင့် လိုက်လျောညီဖြစ်ရန် အစိုးရ၀န်ထမ်း လစာများ တိုးမြှင့်ပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြား

■ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၈၅၀၀ ကျော် လွတ်မြောက်

■ မြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်တွင် နိုင်ငံအ၀န်းရှိ ဘုရားစေတီများတွင် ဘုရားဖူးများ စည်ကားပြီး မြို့အသီးသီးတွင် ဇီဝိတဒါန ဘေးမဲ့လွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲများ၊ စတုဒီသာကျွေးပွဲများ ကျင်းပ

■ မောင်တော ရခိုင်ရိုးရာသင်္ကြန်ကို မြန်မာနှစ်ဆန်းတစ်ရက်တွင် စတင်ကျင်းပ

■ ၈၇ ရက်ကြာ ကျင်းပခဲ့သည့် မန်းရွှေစက်တော် ဘုရားပွဲတော် ပိတ်ပွဲကျင်းပပြီးသည်အထိ ဘုရားဖူးအချို့ လာရောက်နေကြဆဲ ရှိနေ

■ အစိုးရ လေတပ်အခြေစိုက် စခန်းများကို ပစ်ခတ်ခဲ့သည့် ဒုံးကျည်များကို လေကြောင်းရန် ကာကွယ်ရေးတပ်မှ ကြားဖြတ် ပစ်ချနိုင်ခဲ့ဟု ဆီရီးယားနိုင်ငံပိုင် သတင်းဌာန ဖော်ပြ

■ ကမ္ဘာတစ်ဝှမ်း ဆိုက်ဘာတိုက်ခိုက်မှုများတွင် ရုရှားအစိုးရ တာဝန်ရှိကြောင်း အမေရိကန်နှင့် ဗြိတိန်တို့ ပြောဆို

■ မြောက်ကိုရီးယား ခေါင်းဆောင် ကင်အီဆွန်း မွေးနေ့အထိမ်းအမှတ်ပွဲတွင် လက်နက်ချီတက်ပြသမှုများအစား ဖျော်ဖြေရေး ရက်သတ္တပတ် သတ်မှတ်ပြီး ပျော်ပွဲများ ကျင်းပ

■ မလေးရှားနိုင်ငံရှိ ကျောင်းတစ်ကျောင်းတွင် ကျောင်းသားများ မွေးနေ့ပွဲမှာ မွေးနေ့ရှင်ကို ထိုးကြိတ်ရိုက်နှက်မှု လုပ်ဆောင်သည့် ဗွီဒီယိုဖိုင် ထွက်ပေါ်လာမှုကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး

■ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းကို နေမာ ဦးဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဘရာဇီးလ် ဂန္တ၀င်ကစားသမားကြီး ပီလီ ပြော

 


နောက်ဆုံးရသတင်းများ

1 2 3 3,727