Feature Interview (ရုပ်သံအစီအစဉ်)

“လှိုင်သာယာထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်စဉ်အတွင်းမှ မီးသတ်သမားများ၏ အတွေ့အကြုံနှင့်အမြင်“

■ ရန်ကုန်မြို့၏ အကြီးဆုံးအမှိုက်ပုံဖြစ်သည့် လှိုင်သာယာထိန်ပင်အမှိုက်ပုံတွင် မီးလောင်နေသည်မှာ ၇ရက်ရှိခဲ့ပြီဖြစ်သည်။ မီးလောင်မှုဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများအပြားကို မီးခိုးငွေ့များ ဖုံးလွှမ်းစေခဲ့ကာ ကျန်းမာရေးထိခိုက်မှုဖြစ်စဉ်များ လည်းရှိခဲ့သည်။

■ မီးလောင်မှုဖြစ်စဉ်ကို ထိန်းချုပ်နိုင်သည့် အနေအထားရှိသော်လည်း အမှိုက်ပုံ၏ ထုထည်ကြီးမားမှုကြောင့် အမှိုက်ပုံအောက်ခြေတွင် လှိုက်လောင်နေသော မီးကြွင်းမီးကျန်များ၏ အခြေအနေကို ခန့်မှန်းနိုင်စွမ်းမရှိဖြစ်နေကြသည်။

■ အမှိုက်ပုံ မီးလောင်မှုဖြစ်စဉ်စတင်ဖြစ်ပေါ်ကတည်းက အနီးကပ်ကြီးကြပ်ပြီး ငြှိမ်းသတ်နေသူ တစ်ဦးဖြစ် သည့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းဝင်းနှင့် မရမ်းကုန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးနိုင်တို့ကို မီးလောင်မှုဖြစ်စဉ်အတွင်း တွေ့ကြုံရသော အတွေ့အကြုံ၊ မီးလောင်မှုဖြစ်ပေါ်ရသည့် အကြောင်းအရင်း၊ မီးငြှိမ်းသတ်နေရသည့် အခြေအနေများနှင့်ပတ်သက်သော သုံးသပ်ချက်များအား ဧပြီလ၂၆ရက်နေ့က တွေ့ဆုံမေးမြန်းထားသည်များကို တင်ဆက်ပေးလိုက်ပါသည်။

 


နောက်ဆုံးရသတင်းများ

1 2 3 3,742