လွန်ခဲ့တဲ့ (၁၀) နှစ်ကပေးတဲ့ နာဂစ်သင်ခန်းစာကို မမေ့နဲ့ (ရုပ်သံအစီအစဉ်)

■ 2008 ခုနှစ် မေလ (၂) ရက်နေ့မှာ မြန်မာနိုင်ငံကုန်းမြေကို စတင်ဝင်ရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာဆိုရင် သဘာဝဘေးအန္တရာယ်တွေအနက် အဆိုးရွားဆုံးဖြစ်ပြီး ကမ္ဘာသမိုင်းမှာ နံပါတ် (၈) အဆင့်ရှိတဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံးမုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လူပေါင်း ၁၃၈,၀၀၀ ကျော် သေဆုံးခဲ့ပြီး လပွတ္တာမြို့နယ်တစ်ခုတည်းမှာကိုပဲ ၈၀,၀၀၀ ခန့် သေဆုံးခဲ့တဲ့ အနိဋ္ဌာရုံ အဖြစ်ဆိုးကြီးတစ်ခုပါပဲ။ ဒီအဖြစ်ဆိုးကြီးဟာ အခုတော့ ၁၀ နှစ်ပြည့်မြောက်ခဲ့ပါပြီ။

■ အခုလို (၁၀) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ အချိန်မှာ နာဂစ်ကပေးတဲ့ သင်ခန်းစာတွေကို ဘယ်လောက်ထိ အလေးအနက်ထားပြီး ပြုပြင်နေပြီလဲ။ ကြိုတင်ခန့်မှန်းလို့မရတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် နောက်တစ်ကြိမ် နာဂစ်လိုမုန်တိုင်းကြီး ဖြစ်လာခဲ့ရင်ကော အခုလို အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ရအုံးမှာလား၊ ဘာတွေကို သင်ခန်းစာယူပြီး အချိန်မီပြုပြင်ဖို့လိုမလဲ စတဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးထားပါတယ်။

 


နောက်ဆုံးရသတင်းများ

1 2 3 3,137