မေလ ၁၆ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲလေးခု အသစ်ထပ်မံ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ကွပ်ကဲမှု အဖွဲ့ခွဲမှူးရုံး သုံးရုံး တိုးချဲ့ ဖွင့်လှစ်ကာ ခွဲခြားဆက်ဆံမှု မရှိပဲ လုံခြုံရေး ဆောင်ရွက်လျက်ရှိဟု ရဲချုပ် အောင်ဝင်းဦး ပြော
■ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် သိမ်းဆည်း ယာမြေဧက ၂၀၀ ကျော်ကို မူလတောင်သူများထံသို့ ဒုသမ္မတက ယာယီ လယ်ယာမြေ လုပ်ပိုင်ခွင့်ပေးအပ်ခဲ့ရာ ယာမြေ သိမ်းဆည်းခံတောင်သူ အချို့မှ ကန့်ကွက်မှုများ ပြုလုပ်ခဲ့
■ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်ဝှမ်းတွင်ရှိသည့် ဇီဝမျိုးစုံ မျိုးကွဲများနှင့် လူမှုစီးပွားရေး အခြေအနေများအား လေ့လာ ဆန်းစစ်မှုတစ်ရပ် ပြုလုပ်
■ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့တွင် ၀ါးခမောက်များကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိပြီး ဒေသထွက်ပစ္စည်းအဖြစ် ဖြန့်ဖြူး ရောင်းချနေ
■ မန္တလေးတိုင်းဒေသကြီး ပဲမျိုးစုံနင့် နှမ်းကုန်သည်များ အသင်းကို အသစ်ပြန်လည်ဖွဲ့စည်းပြီး အများပိုင်ကုမ္ပဏီ ဖွဲ့စည်းမည်
■ ၁၅ နှစ် အရစ်ကျဖြင့် အိမ်ရာဝယ်ယူမှုအတွက် လာရောက်ချိတ်ဆက်သူ ၄၀၀ ကျော်ရှိနေဟု ဧရာဝတီဘဏ်မှ သိရ
■ နာမည်ကြီး အီတလီပန်းချီဆရာ မိုဒီဂလီယာနီ ရေးဆွဲခဲ့သည့် ပန်းချီကားကို ဒေါ်လာ ၁၅၇ ဒသမ ၂ သန်း ဖြင့် ရောင်းချနိုင်ခဲ့
■ မက္ကဆီကိုရှိ ဘဏ်တချို့ ဆိုက်ဘာတိုက်ခိုက်ခံရပြီး ပီဆိုငွေ သန်းရာချီ ခိုးထုတ်ခံရ

 


နောက်ဆုံးရသတင်းများ

1 2 3 2,989