မေလ ၁၇ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရာတွင် ARSA အကြမ်းဖက်သမားများ၏ ရက်စက်ကြမ်းကြုတ်မှုများလည်း ပါဝင်ရမည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် တုံ့ပြန်ပြောကြား

■ ငွေရေးကြေးရေး ၀န်ဆောင်မှုလုပ်ငန်း Mobile Payment စနစ်ကို အသုံးပြုပြီး ဌာနဆိုင်ရာများ၏ ငွေပေးငွေယူ ကဏ္ဍများတွင် အသုံးပြုခွင့်ရရန် အဆိုအား ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်

■ လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြခဲ့သည့် “ရန်ကုန်တိုင်းအတွင်း ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းအစီရင်ခံစာ (၂၀၁၈-၂၀၂၁)” ကို တိုင်းလွှတ်တော်တွင် မှတ်တမ်းတင်

■ မြန်မာ-ထိုင်းနယ်စပ် မြ၀တီ ချစ်ကြည်ရေး တံတားတွင် ယာဉ်တစ်စီးပေါ်မှ အမေရိကန်ဒေါ်လာ တစ်သိန်းခြောက်သောင်းကျော် အပါအ၀င် နိုင်ငံခြားငွေများ ဖမ်းဆီးရမိ

■ မြောင်းမြတံတားအသစ် တည်ဆောက်နေမှု ၂၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး လာမည့် ၂၁၀၉ ဧပြီလတွင် စတင်အသုံးပြုနိုင်မည်

■ ဂွါတီမာလာနိုင်ငံသည် ဂျေရုစလင်မြို့သို့ သံရုံးပြောင်းရွှေ့ဖွင့်လှစ်သည့် ဒုတိယမြောက်နိုင်ငံ ဖြစ်လာ

■ Facebook ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုဖြစ်စဉ်နှင့် ပတ်သက်၍ Cambridge Analytica ကုမ္ပဏီအား အမေရိကန် တရားရေးဌာနနှင့် FBI က စစ်ဆေးနေ

■ အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် မိုးပျံလမ်း ပြိုကျခဲ့မှုကြောင့် လူ ၁၈ ဦး သေဆုံး

■ ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် ပါဝင်ကြမည့် ဘောလုံးစူပါစတားများ၏ ပုံတူမျက်နှာဖုံးများကို မက္ကဆီကို ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ရောင်းချရန် စီစဉ်နေ

 


နောက်ဆုံးရသတင်းများ

1 2 3 2,989