မေလ ၁၇ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်အချို့တွင် မြေဈေးကစားရန် ၀ယ်ယူထားသည်ဟု ယူဆရသည့် မြေကွက်စာရင်းများကို ကောက်ယူထား
 
■ တရုတ်နိုင်ငံသို့ တင်ပို့နေရမှုကြောင့် ပြည်တွင်းဈေးကွက်တွင် သကြားဝယ်လိုအား များလာပြီး ဈေးမြင့် တက်လာ
 
■ အိန္ဒိယနိုင်ငံဘက် ပဲဝယ်ယူမှု တန်ချိန် သတ်မှတ်ချက် ထွက်လာပြီးနောက် ပဲဈေးကွက်အတွင်း မတ်ပဲ၊ ပဲစဉ်းငုံဈေး တစ်တန်ကျပ် တစ်သိန်းကျော် ဈေးမြင့်တက်
 
■ လက်ရှိအစိုးရသက်တမ်း မကုန်ခင် သုံးနှစ်တာကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၌ စီမံကိန်းကြီးများ အကောင်အထည်ဖော်နိုင်ရေး လျာထား စီမံလျက်ရှိကြောင်း သိရ
 
■ အစိုးရ သစ်လက်ထက်အတွင်း ရင်းနှီးမြှုပ်နှံမှု မဝင်ရောက်သေးသော ကယားပြည်နယ်အတွင်း မြန်မာနိုင်ငံသား ဟိုတယ်လုပ်ငန်းတစ်ခု စတင်ဝင်ရောက်
 
■ ကျွန်းစုမြို့နယ်၊ ပထော်၊ ပထက်ကျွန်းပေါ်တွင် တည်ရှိသော မြေပေါ်လွန်း ကျင်းလုပ်ငန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက်များကို ဒေသခံများအား ဆွေးနွေးခြင်း ပြုလုပ်
 
■ မြန်မာနိုင်ငံတွင် အမေရိကန်အခြေစိုက် Starbucks Coffee ဆိုင်ကို ဆိုင်ခွဲပေါင်း ၂၀ အထိ ဖွင့်လှစ်သွားမည်
 
■ လူမျိုးရေး ခွဲခြားမှုများအပေါ် သမ္မတထရန့်မှ သတိထား ဆောင်ရွက်နိုင်စေရန် Kသုံးလုံး ဖြစ်ရပ်မှန် ဇာတ်လမ်းကို ရိုက်ကူးခဲ့ကြောင်း ဒါရိုက်တာ Spike Lee က ကိန်း ရုပ်ရှင်ပွဲတော်တွင် ပြောဆို
 
■ ခြိမ်းခြောက်မှု တစုံတရာ မရှိသော်လည်း ဗြိတိန်တော်ဝင် မင်းသားငယ်၏ ထိမ်းမြား မင်္ဂလာ အခမ်းအနားအတွက် လုံခြုံရေး တင်းကျပ်စွာ ပြင်ဆင်ထားရှိ
 


နောက်ဆုံးရသတင်းများ

1 2 3 3,425