မေလ ၁၇ ရက်နေ့ ညပိုင်း သတင်းအစီအစဉ်

■ အရက်ချက်စက်ရုံများသည် ရေဆိုးသန့်စင်စနစ် တပ်ဆင်ခြင်းမရှိဘဲ စွန့်ပစ်ရေဆိုးများကို တိုက်ရိုက်စွန့်ပစ်နေခြင်းကြောင့် သဘာဝသယံဇာတများ ထိခိုက်ပျက်စီးလျက်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

■ ရန်ကုန်တိုင်းအတွင်း အဝေးပြေးကားဝင်း ဂိတ်ဝင်ကြေးများကို လက်ရှိအစိုးရလက်ထက်တွင် တင်ဒါဖြင့် ကောက်ခံခဲ့ပြီး ရငွေများကို အစိုးရထံအပ်နှံရကာ ပြုပြင်စရိတ် ပြန်လည်တောင်းခံရဟု မြို့တော်ဝန် ပြောကြား

■ ကလေးဝနှင့် မော်လိုက်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် စေတီတော်တစ်ဆူ မြေခခဲ့ပြီး နေအိမ်အချို့ ပျက်ဆီးခဲ့

■ ဇလွန်မြို့နယ် ပြည်သူ့ဆေးရုံ၌ ၀န်ထမ်းအိမ်ရာ တည်ဆောက်မှု စံချိန်စံညွှန်းမမီသဖြင့် ဖျက်သိမ်းပြီး အသစ်ပြန်လည်တည်ဆောက်ရန် ညွှန်ကြားထား

■ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ မိသားစုနေအိမ်အပါအ၀င် ၎င်းနှင့်ပတ်သက်နေသည့် နေရာငါးခုကို မလေးရှားရဲတပ်ဖွဲ့ ၀င်ရောက်ရှာဖွေ

■ ဖေဖော်ဝါရီလအတွင်း ဆီးရီးယား၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် ကလိုရင်းဓာတ်ငွေ့ အသုံးပြုခဲ့ဟု OPCW အတည်ပြု

■ ၂၀၁၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိလာသည့် ရေနံဈေးနှုန်းမှာ ဆက်လက်မြင့်တက်နိုင်ပြီး ရေနံတစ်စည်ကို ၈၅ ဒေါ်လာအထိ မြင့်တက်နိုင်ဟု စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူခန့်မှန်း

■ သမ္မတထရန့်၏ နိုင်ငံခြားရေးမူဝါဒများက အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ ဖြစ်ပေါ်စေခြင်းကြာင့် ၎င်းသည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရရှိရန် ထိုက်တန်သူမဟုတ်ဟု ဝေဖန်မှု ထွက်ပေါ်

■ အမေရိကန်ပို့ကုန်များကို တန်ပြန်အခွန်စည်းကြပ်ရန် ဂျပန်အစိုးရ ချိန်ဆနေ

■ တရုတ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အသင်း မေ ၂၁ ရက်တွင် စတင်လေ့ကျင့်မည်

 


နောက်ဆုံးရသတင်းများ

1 2 3 2,989