မေလ ၁၈ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံစဉ် ခေးပူ-လွယ်မူပလောလမ်းကြောင်း ပြုပြင်ဆောင်ရွက်နေမှုကို ယာယီရပ်ဆိုင်းထားမည်ဟု သဘောတူညီမှုရရှိခဲ့

■ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသူများအား ပြန်လည်လက်ခံရေးအစီအစဉ်ကို နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ဆောင်ရွက်နိုင်ရန် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ညှိနှိုင်းမည်

■ စီးပွားရေးလုပ်ငန်းရှင်တိုင်းမှာ အခွန်နှင့်မကင်းကြောင်း ကောင်းကောင်းနားလည်ကြသော်လည်း အခွန်ပေးဆောင်ရန် ပျက်ကွက်နေခြင်းမှာ လုပ်လို့ရ၍ လုပ်နေခြင်းသာဖြစ်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပြော

■ မြန်မာ့စီးပွားရေး အလားအလာသည် အကောင်းဘက်တွင် ရှိနေသော်လည်း ထိရောက်စွာ ကိုင်တွယ်ခြင်းမပြုပါက စီးပွားရေးအနာဂတ် အလားအလာအပေါ် သက်ရောက်မှုရှိနိုင်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ

■ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ တစ်လအတွင်း တစ်လီတာ ကျပ် ၅၀ ၀န်းကျင် ဈေးမြင့်တက်လာ

■ ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် နေ့စဉ် ဘင်္ဂါလီကလေးငယ် ခြောက်ဆယ်ခန့် မွေးဖွားနေပြီး ကိုးလတာကာလအတွင်း ကလေးငယ် ၁၆၀၀၀ ကျော်ခဲ့ဟု Times မဂ္ဂဇင်း ဖော်ပြ

■ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူအများအပြား သေဆုံးရမှုနှင့် ပတ်သက်ပြီး အလွန်အမင်း စိတ်ထိခိုက်ရကြောင်း ပုပ်ရဟန်းမင်းကြီး ပြောကြား

■ အမေရိကန်သို့ ရောက်ရှိနေသည့် တရုတ်ဒုတိယ၀န်ကြီးချုပ် လျူဟေးနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာတို့ တွေ့ဆုံ

■ Cambridge Analytica ကုမ္ပဏီက ဖေ့ဘုတ်ကိုယ်ရေးအချက်အလက်များကို ရုရှားသို့ ဝေမျှခဲ့သည်ဟု ကုမ္ပဏီဝန်ထမ်းဟောင်းတစ်ဦး ဖွင့်ချ

■ အက်ဖ်အေဖလားဗိုလ်လုပွဲတွင် အသုံးပြုမည့်ဘောလုံး၌ ယခုရာသီအက်ဖ်အေပြိုင်ပွဲတွင် ဂိုးသွင်းခဲ့သူ ကစားသမား (၁၃၇) ဦး၏အမည်များ အမှတ်တရ ထည့်သွင်းထား

 


နောက်ဆုံးရသတင်းများ

1 2 3 2,996